ဂျာမန်ကာကွယ်ရေးဝန်ကြီး

A d v e r t i s e m e n t With Us

July 4, 2019

ဂျာမန်ကာကွယ်ရေးဝန်ကြီး ဥရောပသမဂ္ဂကော်မရှင် အကြီးအကဲအဖြစ် ခန့်အပ်

ဂျာမန်ကာကွယ်ရေးဝန်ကြီး အူးဇူလာ ဗွန်ဒယ်လိုင်းကို ဥရောပသမဂ္ဂကော်မရှင်ရဲ့ ပထမဆုံး အမျိုးသမီး အကြီးအကဲအဖြစ် အီးယူခေါင်းဆောင်တွေက ခန့်အပ်လိုက်ပါတယ်။ ဇူလိုင် ၃ ရက်နေ့က အူးဇူလာ ဗွန်ဒယ်လိုင်းဟာ အစိုးရ အဖွဲ့အစည်းအဝေးကို တက်ရောက်ပြီး ဥရောပပါလီမန် အစည်းအဝေးကို တက်ရောက်ဖို့ မျှော်လင့်ရပါတယ်။ ဗွန်ဒယ်လိုင်းအနေနဲ့ အီးယူကော်မရှင်အကြီးအကဲ ရာထူးကို လက်ခံဖို့ ပါလီမန် ခွင့်ပြုချက် လိုအပ်ပါတယ်။ ဘာသာစကားအတော်များများ တတ်ကျွမ်းသူ ဗွန်ဒယ်လိုင်းကို ဥရောပကော်မရှင် အကြီးအကဲရာထူး အဆိုပြုတာဟာ အီးယူပြိုကွဲမသွားစေဖို့ ရည်ရွယ်ပေမယ့် ဂျာမန် အစိုးရအဖွဲ့အတွင်း အပြစ်အနာအဆာ မကင်းတဲ့ သူ့မှတ်တမ်းဟာ အီးယူထိပ်တန်းရာထူးအတွက် သင့်တော်မှု ရှိ၊မရှိ မေးခွန်းထုတ်စရာတွေ ရှိလာမှာပါ။ ၂၀၁၃ ခုနှစ်ကစလို့ ဂျာမန် ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းလာတဲ့  ဗွန်ဒယ်လိုင်းကို အီးယူခေါင်းဆောင်တွေက အားလုံးကို ညီညွတ်စေတဲ့ ကိုယ်စားလှယ်လောင်းအဖြစ်ရယ်၊ အီးယူထိပ်တန်း အဖွဲ့အစည်းတွေကို ဘယ်သူဦးစီးသင့်တယ်ဆိုတာနဲ့ပတ်သက်လို့ အဖြေမရတာကို ကုစားဖို့ရယ် အဲဒီအတွက်  ရွေးချယ်ခဲ့တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
2 years Ago
Up