ဂျာမနီ Lufthansa လေကြောင်း

A d v e r t i s e m e n t With Us

November 23, 2016

ဂျာမနီ Lufthansa လေကြောင်းလိုင်းမှ လေယာဉ်မှူးများ သပိတ်မှောက်၊ ခရီးစဉ် ၉၀၀ ခန့် ဖျက်သိမ်းရ

ဂျာမနီလေကြောင်းလိုင်းကြီးတလိုင်းဖြစ်တဲ့ Lufthansa လေကြောင်းလိုင်း လေယာဉ်မှူးတွေ လုပ်ခလစာနဲ့ပတ်သက်ပြီး မကျေနပ်လို့ သပိတ်မှောက်နေကြတဲ့အတွက် နိုဝင်ဘာ ၂၂ ရက်နေ့က လေယာဉ်ခရီးစဉ် ၉၀၀ လောက် ဖျက်သိမ်းခဲ့ရပါတယ်။ လေယာဉ်မှူးတွေ ၂ ရက်ကြာ သပိတ်မှောက်ကြမှာကြောင့် လေယာဉ်စီးခရီးသည် ၁ သိန်းလောက်ရဲ့ ခရီးစဉ်တွေ ထိခိုက်မယ်လို့ ဆိုပါတယ်။ Euro Wings တန်ဖိုးနည်းလေကြောင်းလိုင်း အပါအဝင် Lufthansa ရဲ့ တခြား လေကြောင်းလိုင်းတွေကိုတော့ ထိခိုက်မှုမရှိဘူးလို့ ဆိုပါတယ်။ ဒီလေယာဉ်မှူးတွေရဲ့ လုပ်ခလစာပြဿနာဟာ Lufthansa လေကြောင်းလိုင်းမှာ ပြဿနာတက်နေတာ ကြာပြီဖြစ်ပြီး ၂၀၁၄ ဧပြီလကစပြီး ၁၄ ကြိမ် သပိတ်မှောက်ခဲ့ကြပါတယ်။ အခုလ အစောပိုင်းက လေကြောင်းလိုင်းနဲ့ လေယာဉ်မှူးများသမဂ္ဂတို့ စေ့စပ်ဆွေးနွေးပွဲဟာလည်း ပျက်ပြားခဲ့ပြီး ဆွေးနွေးပွဲကမ်းလှမ်းချက်တွေကို သမဂ္ဂက အကြိမ်ကြိမ်ပယ်ချနေတယ်လို့ လေကြောင်းလိုင်းက ပြောပါတယ်။ လေယာဉ်မှူးများသမဂ္ဂကတော့ ၂၀၁၂ ခုနှစ်ကစပြီး လေယာဉ်မှူး ၅၄၀၀ အတွက် လုပ်ခလစာ ၃ ဒသမ ၇ ရာခိုင်နှုန်း တိုးပေးဖို့ တောင်းဆိုပေမယ့် လေကြောင်းလိုင်းက လာမယ့် ၂၀၁၉ အထိ ၂ ဒသမ ၅ ရာခိုင်နှုန်းပဲ တိုးပေးမယ်လို့ ပြောဆိုထားပါတယ်။
4 years Ago
Up