ဂျာမနီ ၃ - ၀ ဆလိုဗက်ကီးယား

June 27, 2016

ဂျာမနီ ၃ - ၀ ဆလိုဗက်ကီးယား (ရုပ်သံဟိုက်လိုက်)

ယူရို ၂၀၁၆ ရှုံးထွက်ပွဲစဉ်အဖြစ် ဂျာမနီနဲ့ ဆလိုဗက်ကီးယားတို့ ဇွန် ၂၆ ရက်က ယှဉ်ပြိုင်ရာ ဂျာမနီက ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ ဒီပွဲစဉ်မှာ ဂျာမနီကပဲ ခြေအသာနဲ့ ဖိကစားသွားခဲ့ပြီး ၈ မိနစ်မှာ ဘိုတန်၊ ၄၃ မိနစ်မှာ ဂိုမက်ဇ်နဲ့ ၆၃ မိနစ်မှာ ဒရက်ဇ်လာတို့က အနိုင်ဂိုးတွေ သွင်းယူခဲ့ပါတယ်။- ပွဲချိန် ၁၃ မိနစ်မှာ ဂျာမနီအသင်း ပယ်နယ်တီကန်ခွင့်ရခဲ့ပြီး အိုဇေးကန်သွင်းခဲ့ပေမယ့် ဆလိုဗက်ကီးယား ဂိုးသမား ပုတ်ထုတ်နိုင်ခဲ့လို့ ဂျာမနီ တဂိုးနစ်နာခဲ့ရပါတယ်။ ဂျာမနီအသင်းဟာ ဒီနေ့ညယှဉ်ပြိုင်မယ့် အီတလီ-စပိန်ပွဲက အနိုင်ရတဲ့အသင်းနဲ့ လာမယ့် ဇူလိုင် ၃ ရက်နေ့ကျရင် ကွာတားဖိုင်နယ်ပွဲစဉ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
7 years Ago
Up