ဂျာမနီ ဘောလုံးအဖွဲ့ချုပ် အကြီးအကဲဟောင်း

November 11, 2015

ဖီဖာ အမှုဆောင်အဖြစ် ဂျာမနီ ဘောလုံးအဖွဲ့ချုပ် အကြီးအကဲဟောင်း ဆက်ရှိမည်

လဒ်ပေးလဒ်ယူစွဲချက်နဲ့ ရာထူးကနေ နှုတ်ထွက်သွားတဲ့ ဂျာမနီဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ၀ှဖ်ဂိုဏ်းနစ်ခ်ျဘတ်က ကမ္ဘာဘောလုံးအဖွဲ့ချုပ် (ဖီဖာ) အမှုဆောင် ကော်မတီထဲမှာ ဆက်ရှိ နေမယ်လို့ ဆိုပါတယ်။ ဖီဖာပြောခွင့်ရကတော့ နစ်ခ်ျဘတ်က ဖီဖာ အမှုဆောင် ကော်မတီထဲအဖွဲ့ဝင်အနေနဲ့ ဆက်ရှိနေမယ်လို့ ပြောပါတယ်။ ဂျာမနီမှာ ၂၀၀၆ ကမ္ဘာဖလား ကျင်းပခွင့်ရဖို့  အတွက် ပေါင် ၄.၉ သန်းပေးတယ်ဆိုတဲ့ စွပ်စွဲချက် အတွက် နစ်ခ်ျဘတ်က နိုဝင်ဘာ ၉ ရက်က ရာထူးကနေ နှုတ်ထွက်သွားတာ ဖြစ်ပါတယ်။ ပေးချေတဲ့ငွေတွေဟာ အခွန်ရှောင်ရှားမှုကြောင့် စစ်ဆေးခံနေရပါတယ်။ နစ်ခ်ျဘတ်ကတော့ တစုံတရာ အမှားအယွင်းမလုပ်ခဲ့ဘူးလို့ ပြောပါတယ်။
6 years Ago
Up