ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့နဲ့ ၂၅ မိုင်အကွာ ဘူတာရုံတခုမှာ အမျိုးသားတဦးက လူ ၄ ဦးကို ဓားနဲ့ထိုးလို့ ၁ ဦးသေဆုံးပြီး ၃ ဦးကတော့ ဒဏ်ရာရရှိသွားပါတယ်။
အသက် ၂၇ နှစ်အရွယ် ဂျာမနီနိုင်ငံသားတဦးဖြစ်ပြီး လူတွေကို မတိုက်ခိုက်ခင် အလ္လာအရှင်မြတ် ကြီးမြတ်တယ်လို့ အော်ဟစ်ပြီးမှ တိုက်ခိုက်ခဲ့တာလို့ မျက်မြင်တွေက ပြောဆိုပါတယ်။
ရထားပေါ်မှာ လူတဦး တိုက်ခိုက်ခံရပြီး ကျန်လူတွေကတော့ ဘူတာစင်္ကြန်နဲ့ ဘူတာအပြင်ဘက်မှာ တိုက်ခိုက်ခံရတာလို့ ရဲတပ်ဖွဲ့ ပြောခွင့်ရက ပြောဆိုပါတယ်။
သေဆုံးသွားသူတဦးကတော့ ဆေးရုံရောက်မှ ရရှိတဲ့ဒဏ်ရာနဲ့ သေဆုံးသွားတာဖြစ်ပြီး ဒဏ်ရာရသူတဦးလည်း ဒဏ်ရာပြင်းထန်တယ်လို့ ဆိုပါတယ်။
တိုက်ခိုက်ခဲ့သူဟာ ဂျာမနီနိုင်ငံ အလယ်ပိုင်းကဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာပြဿနာနဲ့ မူးယစ်ဆေးဝါး အလွန်အကျွံ သုံးစွဲသူ တဦးလို့လည်း ရဲတပ်ဖွဲ့ ပြောခွင့်ရက ပြောဆိုပါတယ်။
6 years Ago