ဂျာမနီ ကလေးဘောလုံးပွဲအတွင်း မိုးကြိုးပစ်၊ ၃၃ ဦး ဒဏ်ရာရ

May 30, 2016

ဂျာမနီ ကလေးဘောလုံးပွဲအတွင်း မိုးကြိုးပစ်၊ ၃၃ ဦး ဒဏ်ရာရ

ဂျာမနီနိုင်ငံ အနောက်တောင်ပိုင်းမှာ ကလေးတွေ ဘောလုံးကစားနေချိန် ပြီးခဲ့တဲ့ မေ ၂၈ ရက်နေ့က မိုးကြိုးပစ်ခဲ့လို့ ကလေး ၂၉ ဦးနဲ့ လူကြီး ၄ ဦး ဒဏ်ရာရခဲ့တယ်လို့ အာဏာပိုင်တွေက မေ ၂၉ ရက်နေ့မှာ ပြောပါတယ်။ ဒဏ်ရာရတဲ့ လူကြီး ၄ ဦးထဲက ၃ ဦးကတော့ ဒဏ်ရာပြင်းထန်ခဲ့တာပါ။ ဂျာမနီအနောက်တောင်ပိုင်း ရိုင်လန်းဖိုင့်ဇ်ဒေသ ဟော့ပ်ရှရိုက်တမ်မြို့မှာ ကလေးဘောလုံးပွဲအတွင်း မိုးကြိုးပစ်ခဲ့တာပါ။ အသက် ၉ နှစ်ကနေ ၁၁ နှစ်ကြား ကလေး ၂၉ ဦး မိုးကြိုးစက်ကွင်းမိခဲ့လို့ သတိထားတဲ့အနေနဲ့ ဆေးရုံကို ပို့ခဲ့တယ်၊ တချို့က အသေးစား လက္ခဏာတွေဖြစ်တဲ့ ခေါင်းကိုက်တာနဲ့ မူးဝေအော့အန်တာတွေ ဖြစ်ခဲ့တယ်လို့ မြို့တော်ဝန်က ပြောပါတယ်။ ပြင်သစ်နိုင်ငံမြောက်ပိုင်းမှာလည်း မိုးကြိုးပစ်လို့ လူ ၉ ဦး အကြီးအကျယ် ဒဏ်ရာရခဲ့ပါသေးတယ်။ မြို့တော်ပါရီက ပန်းခြံတခုထဲမှာ မိုးကြိုးပစ်ခံရလို့ လူ ၁၁ ဦး ဒဏ်ရာရပြီး ၆ ဦးကတော့ ဆိုးဆိုးရွားရွား ဒဏ်ရာရခဲ့တယ်လို့ ပြင်သစ် ပြည်ထဲရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ပါတယ်။ ဒဏ်ရာရသူ ၈ ဦးဟာ ကလေးတွေဖြစ်ပြီး ပန်းခြံထဲက မွေးနေ့ပါတီကို တက်ရောက်နေခဲ့တာလို့ ကြေညာချက်က ဖော်ပြထားပါတယ်။
6 years Ago
Up