ဂျာမနီနိုင်ငံ အိမ်တလုံးတွင် ကလေးငယ် ၇ ဦးအလောင်း တွေ့ရှိ (ရုပ်သံ)

November 14, 2015

ဂျာမနီနိုင်ငံ အိမ်တလုံးတွင် ကလေးငယ် ၇ ဦးအလောင်း တွေ့ရှိ (ရုပ်သံ)

ဂျာမနီနိုင်ငံ ဘာဗေးရီးယားပြည်နယ်မြောက်ပိုင်းမြို့က အိမ်တအိမ်ထဲမှာ ကလေးငယ် ၇ ဦးရဲ့ ရုပ်အလောင်းတွေကို ရဲတပ်ဖွဲ့က ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၂ ရက်နေ့က ရှာဖွေ တွေ့ရှိခဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်နေပါတယ်။ အဲဒီအိမ်ကို ဖုန်းဆက်ခဲ့တဲ့ ဆရာဝန်တဦးက ရဲကို အကြောင်းကြားခဲ့တာဖြစ်ပြီး အဲ့ဒီအိမ်မှာ ငှားနေသွားတဲ့ အမျိုးသမီးတဦးကို ရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်းမယ်လို့ ဆိုပါတယ်။ ကလေးရုပ်အလောင်းတွေဟာ အတော်ပျက်စီးနေပြီး ဖြစ်တဲ့အတွက် စုံစမ်းစစ်ဆေးမှု အချိန်ကြာနိုင်တယ်လို့ ရဲတပ်ဖွဲ့က ပြောဆိုပါတယ်။ ကလေးငယ် ၇ ဦး ဘယ်ချိန်ကတည်းက၊ သေဆုံးပြီး ဘယ်လိုကြောင့် အသတ်ခံရတယ်ဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ အဲဒီအိမ်မှာ ကလေးတွေနဲ့ လင်မယား ၂ ယောက် အရင်က နေထိုင်ခဲ့ကြပြီး မကြာခင်က လင်မယား ၂ ဦး ကွာရှင်းခဲ့ကြတယ်လို့ ဒေသခံသတင်းတွေက ဆိုပါတယ်။ ဂျာမနီနိုင်ငံမှာ အခုနှစ်တွေအတွင်း ကလေးတွေ သတ်ဖြတ်မှုတွေ တွေ့ရှိလာရပါတယ်။ ပြီးခဲ့တဲ့နှစ်က အမျိုးသမီးတဦး သူရဲ့ကလေး ၂ ဦးကို သတ်ဖြတ်ပြီး ရေခဲသေတ္တာထဲ သိုဝှက်ထားတာကိုလည်း ရဲတပ်ဖွဲ့က စုံစမ်းတွေ့ရှိခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်က ပိုလန်နဲ့ နယ်စပ်အနီး မွေးကင်စကလေး ၉ ဦးရဲ့ ရုပ်အလောင်းတွေ ပန်းအိုးတွေထဲ ၀ှက်ထားတာကိုလည်း ရဲတပ်ဖွဲ့က တွေ့ရှိခဲ့ပါသေးတယ်။
7 years Ago
Up