ဂျာမနီနိုင်ငံ တင်းနစ်ပြိုင်ပွဲတွင် ဖက်ဒရာ ကာလိုဗစ်ကို အနိုင်ရပြီး ဗိုလ်လုပွဲတက်

July 12, 2015

ဝင်ဘယ်ဒန် အမျိုးသမီးတင်းနစ် စရီနာ ဗိုလ်စွဲ (ရုပ်သံ)

လန်ဒန်မှာ ဇူလိုင် ၁၁ ရက်နေ့က ယှဉ်ပြိုင်သွားတဲ့ ၀င်ဘယ်ဒန် အမျိုးသမီးတဦးချင်း တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲမှာ စရီနာ ၀ီလျံစ်က ဂါဘီ မူဂရူဆာကို အနိုင်ရသွားပါတယ်။ ကမ္ဘာ့နံပါတ် ၁ စရီနာဟာ ၀င်ဘယ်ဒန် ဂရန်းစလန်း ချန်ပီယံဆုကို ၆ ကြိမ်မြောက် ရယူနိုင်တာပါ။ အသက် ၃၃ နှစ်အရွယ် အမေရိကန်သူ စရီနာဟာ အဆင့် ၂၀ ဖြစ်တဲ့ စပိန်က မူဂရူဆာကို ၂ ပွဲစလုံးမှာ ၆ - ၄ နဲ့ အနိုင်ရ သွားတာပါ။ အသက် ၂၁ နှစ်အရွယ် မူဂရူဆာဟာ  ပထမဆုံးအကြိမ်အဖြစ် ဂရန်းစလန်း ဗိုလ်လုပွဲကို ကစားဖူးတာ ဖြစ်ပြီး အတွေ့အကြုံပိုင်းမှာ မယှဉ်နိုင် ဖြစ်ခဲ့သလို ရိုက်ချက်တွေလည်း အမှားအယွင်း များခဲ့ပါတယ်။ စရီနာက ဖိုးအန်းနဲ့ ဘက်ဟမ်း ရိုက်ချက်တွေကနေ ဦးဆောင် ယှဉ်ပြိုင်နိုင်ခဲ့ပါတယ်။ ၀င်ဘယ်ဒန် ချန်ပီယံ စရီနာဟာ ဂရန်းစလန်း ဆုဖလား ၄ ခုစလုံးကို ရယူနိုင်တဲ့ သူအဖြစ်လည်း မှတ်တမ်းဝင်သွားပါတယ်။
6 years Ago

June 22, 2015

ကွင်းကလပ်ဖလား ဗိုလ်လုပွဲတွင် အင်ဒီမာရေး အနိုင်ရ

ဇွန် ၂၁ ရက်နေ့က လန်ဒန်မှာ ယှဉ်ပြိုင်သွားတဲ့ ကွင်းကလပ် (Queen Club) ဖလား ဗိုလ်လုပွဲမှာ အင်ဒီ မာရေးက ကီဗင် အန်ဒါဆန်ကို အနိုင်ရသွားပါတယ်။ ဒီပွဲဟာ နာမည်ကြီး တင်းနစ်သမားတွေအတွက် ဒီလကုန်မှာ စတင်မယ့် ၀င်ဘယ်ဒန် တင်းနစ်ပြိုင်ပွဲအကြို လက်ရည်သွေးတဲ့ပွဲလည်း ဖြစ်ပါတယ်။ ဒီပွဲမှာ တောင်အာဖရိကနိုင်ငံသား အန်ဒါဆန်ရဲ့ ပြင်းထန်တဲ့ စပေးဘောတွေကို မာရေးက အိမ်ကွင်း ပရိသတ်တွေရှေ့မှာ အကောင်းဆုံး လက်စွမ်းပြ တုံ့ပြန်ကစားနိုင်ခဲ့ပါတယ်။ ပထမပွဲကို ကမ္ဘာ့အဆင့် ၃ မာရေးက ၆ - ၃ နဲ့ အနိုင်ရသွားပါတယ်။ ဒုတိယပွဲမှာလည်း မာရေးက စပေးဘောနဲ့ ထောင့်ဖြတ်ရိုက်ချက်တွေက အမှတ်သယ်ပြီး ၆ - ၄ နဲ့ အနိုင်ရ ချန်ပီယံ ဖြစ်သွားပါတယ်။ ကွင်းကလပ် ချန်ပီယံဆုဟာ မာရေးအတွက် ၄ ကြိမ်မြောက် ရယူနိုင်တာ ဖြစ်ပါတယ်။
6 years Ago

ဂျာမနီတွင်ပြုလုပ်သည့် တင်းနစ်ပြိုင်ပွဲ ရော်ဂျာဖက်ဒရာ ဗိုလ်စွဲ

ဇွန်လ ၂၁ ရက်နေ့က ဂျာမနီနိုင်ငံမှာ ယှဉ်ပြိုင်သွားတဲ့ ဂျယ်ရီ ၀က်ဘာ အိုးပန်း တင်းနစ်ပြိုင်ပွဲ ဗိုလ်လုပွဲမှာ ရော်ဂျာ ဖက်ဒရာက အန်ဒရပ်စ ဆပ်ပီကို အနိုင်ရသွားပါတယ်။ အခုပြိုင်ပွဲဟာ နာမည်ကြီး တင်းနစ်သမားတွေအတွက် လာမယ့် ၀င်ဘယ်ဒန်အိုးပန်းပြိုင်ပွဲအကြို လက်ရည်သွေးတဲ့ပွဲလည်း ဖြစ်ပါတယ်။ ပထမပွဲမှာ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရပြီး အဆုံးအဖြတ် Tie Break အရောက်မှာ ကမ္ဘာ့နံပါတ် ၂ ဖြစ်တဲ့ ဖက်ဒရာက ၇ - ၁ နဲ့ အနိုင်ရသွားတာပါ။ ဖက်ဒရာဟာ ဂျယ်ရီ ၀က်ဘာ ပြိုင်ပွဲရဲ့ လက်ရှိ ချန်ပီယံလည်း ဖြစ်ပါတယ်။ သူတို့နှစ်ယောက် ဒီနှစ်အစ သြစတြေးလျ အိုးပန်းပြိုင်ပွဲမှာ ဆုံဖူးထားပြီး တတိယအဆင့်မှာ ဆပ်ပီက ဖက်ဒရာကို အနိုင်ယူထားပါတယ်။ ဒုတိယပွဲမှာလည်း အီတလီနိုင်ငံသား ဆပ်ပီ အနေနဲ့ ဖက်ဒရာရဲ့ လက်ပြန်ရိုက်ချက်တွေနဲ့ အကွက်ချ ရိုက်ချက်တွေကို မယှဉ်နိုင်လို့ ဖက်ဒရာက ၆ - ၄ နဲ့ အနိုင်ရ ချန်ပီယံ ဖြစ်သွားပါတယ်။ အသက် ၃၃ နှစ်အရွယ် ဖက်ဒရာအတွက်တော့ ဂျယ်ရီ ၀က်ဘာ ချန်ပီယံဆုဟာ ဒီနှစ်ထဲမှာ ၄ ကြိမ်ရတဲ့ ဆုဖလားလည်း ဖြစ်ပါတယ်။
6 years Ago
Up