ဂျာမနီနိုင်ငံတွင် ကျင်းပသည့် အစည်ကားဆုံး ကာနီဗယ်လ်ပွဲတော်

A d v e r t i s e m e n t With Us

May 16, 2016

ဂျာမနီနိုင်ငံတွင် ကျင်းပသည့် အစည်ကားဆုံး ကာနီဗယ်လ်ပွဲတော် (ရုပ်သံ)

ဂျာမနီနိုင်ငံမှာ ယဉ်ကျေးမှုပေါင်းစုံ ကာနီဗယ်လ်ပွဲတော်ကို မေလ ၁၅ ရက်နေ့က မိုးထဲလေထဲ ကျင်းပခဲ့ကြပြီး ပါဝင်ကပြသူတွေရော လာရောက်ကြည့်ရှုသူတွေနဲ့ပါ အထူးစည်ကားခဲ့ပါတယ်။ ဒီပွဲတော်ဟာ ဂျာမနီနိုင်ငံရဲ့ နွေရာသီ ကာနီဗယ်လ်ပွဲတော်တွေထဲက အစည်ကားဆုံး ပွဲတော်တခု ဖြစ်ပါတယ်။ အပူချိန် ၁၁ ဒီဂရီစင်တီဂရိတ်ပဲရှိခဲ့ပြီး လေအေးတိုက်ခတ်နေပေမယ့်လည်း ဂျာမနီနိုင်ငံဖွားတွေရော၊ ဂျာမနီမှာ လာရောက်အခြေချ နေထိုင်သူတွေပါ လာရောက်အားပေး ကြည့်ရှုခဲ့ကြပါတယ်။ ဘာလင်မြို့တော်နဲ့ အနီးပတ်ဝန်းကျင်က ဒေသခံ လူမျိုးစု ယဉ်ကျေးမှုအဖွဲ့တွေ၊ တခြားနိုင်ငံက လာရောက်အခြေချ နေထိုင်သူတွေ အရောင်အသွေး စုံစုံလင်လင်နဲ့ သူတို့ရဲ့နိုင်ငံ၊ လူမျိုးနဲ့ ယဉ်ကျေးမှုကို ကိုယ်စားပြုတဲ့ အတီးအမှုတ် အကအခုန်တွေနဲ့ ပျော်ပျော်ရွှင်ရွှင် ပါဝင်ခဲ့ကြပါတယ်။ ပွဲစီစဉ်သူတွေရဲ့ အဆိုအရ အခုနှစ်ပွဲမှာ နိုင်ငံပေါင်း ၇၅ နိုင်ငံကို ကိုယ်စားပြုပြီး လူ ၅၀၀၀ နီးပါး ပါဝင်ခဲ့ကြပြီး လာရောက်ကြည့်ရှုအားပေးသူ သောင်းချီရှိတယ်လို့ ဆိုပါတယ်။ ဒီပွဲတော်ကို တူရကီလူမျိုးစုတွေနဲ့ နိုင်ငံတကာ လူမျိုးစုတွေ အများဆုံးနေထိုင်တဲ့ ဘာလင်မြို့တော်က ခရိုက်စ်ဘတ်ခ် (Kreuzberg) ခရိုင်မှာ ကျင်းပခဲ့တာပါ။
5 years Ago
Up