ဂျာမနီပြည်ထဲရေးက

June 16, 2018

ဂျာမနီပြည်ထဲရေးက BAMF အကြီးအကဲကို အလုပ်မှထုတ်ပယ်

ပြောင်းရွှေ့လာသူတွေနဲ့ ဒုက္ခသည်ဆိုင်ရာ ရုံးအဖွဲ့ (BAMF) အကြီးအကဲ ယွတ်တာကော့ကို  ဂျာမနီ ပြည်ထဲရေး ၀န်ကြီးက အလုပ်ကနေ ထုတ်ပယ်ခဲ့တယ်လို့ ပြောခွင့်ရ ပုဂ္ဂိုလ်က ဇွန်လ ၁၅ ရက်နေ့မှာ ပြောကြား လိုက်ပါတယ်။ ပြောင်းရွှေ့လာသူတွေကို ခိုလှုံခွင့်ပေးရေး ဆုံးဖြတ်ရာမှာ “မူမမှန်တာတွေ” ရှိတယ်ဆိုတဲ့ သတင်းတွေကြောင့် ယွတ်တာ ကော့ကို အလုပ်ကနေ ထုတ်ပယ်လိုက်တာလို့ သိရပါတယ်။ ခိုလှုံခွင့်ပေးတဲ့ ဆုံးဖြတ်ချက် ၄၅၆၈ ခုကို သုံးသပ်ခဲ့ပြီးတဲ့နောက်မှာ   ဘရေးမန်းဌာနခွဲဟာ ဥပဒေပိုင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို သိသိကြီးနဲ့ အလေး မထားခဲ့တာကို တွေ့ရှိရပြီးနောက် BAMF  အကြီးအကဲ ယွတ်တာကော့အနေနဲ့ ဝေဖန်မှုတွေကို ခံခဲ့ရတာဖြစ်ပါတယ်။ ယွတ်တာကော့အား အလုပ်ကနေ ထုတ်ပယ်တာကို ပြည်ထဲရေးဝန်ကြီးက ဇွန်လ ၁၃ ရက်နေ့မှာ အသိပေးခဲ့တယ်လို့လည်း အဆိုပါ ပြောခွင့်ရပုဂ္ဂိုလ်က ပြောကြားခဲ့ပါတယ်။
3 years Ago
Up