ဂျာမနီရဲတပ်ဖွဲ့

A d v e r t i s e m e n t With Us

February 2, 2017

အိုင်အက်စ်အတွက် လူစုပေးသည်ဟု ယုံကြည်ရသည့် တူနီးရှားတဦးအား ဂျာမနီရဲတပ်ဖွဲ့ ဖမ်းဆီး

ဂျာမနီရဲတပ်ဖွဲ့က နိုင်ငံတဝန်း စီးနင်းမှုတွေလုပ်ခဲ့ပြီး အိုင်အက်စ် အကြမ်းဖက်တပ်ဖွဲ့အတွက် အစွန်းရောက်တပ်ဖွဲ့ဝင်တွေ စုဆောင်းပေးနေတယ်လို့ ယုံကြည်ရတဲ့ အသက် ၃၆ နှစ်အရွယ် တူနီးရှားတဦးကို ဖေဖော်ဝါရီ ၁ ရက်နေ့က ဖမ်းဆီးလိုက်ပါတယ်။ နိုင်ငံအလယ်ပိုင်းက ပြည်နယ်တခုမှာ ဂျာမနီရဲတပ်ဖွဲ့ဝင် ၁၁၀၀ ကျော်က တိုက်ခန်းတွေ၊ ကုမ္ပဏီတွေနဲ့ ဗလီတွေအတွင်း ဝင်ရောက်စီးနင်းခဲ့ကြပြီး မသင်္ကာသူ ၁၅ ဦးကိုလည်း ဖမ်းဆီးခဲ့ကြပါတယ်။ ဒီ တူနီးရှားဟာ ၂၀၁၅ ခုနှစ်က တူးနစ်မြို့မှာ ရှေးဟောင်းပြတိုက် အကြမ်းဖက်စီးနင်းတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး တူနီးရှားအာဏာပိုင်တွေကလည်း အလိုရှိနေသူ ဖြစ်ပါတယ်။ အဲဒီတိုက်ခိုက်မှုမှာ ကမ္ဘာလှည့်ခရီးသွား ၂၁ ဦး သေဆုံးခဲ့ပြီး အများစုဟာ ဗြိတိန်၊ ဂျပန်၊ ပြင်သစ်၊ အီတလီနိုင်ငံတွေကဖြစ်ပြီး တူနီးရှားနိုင်ငံသားတဦးလည်း ပါဝင်ခဲ့ပါတယ်။ ၄ လကြာ စုံစမ်းထောက်လှမ်းမှုတွေလုပ်ခဲ့ပြီး အခုလို စီးနင်းခဲ့တာဖြစ်တယ်လို့ ဖရန့်ဖတ် အာဏာပိုင်တွေက ပြောပါတယ်။ ဒီမွတ်စလင်တွေဟာ အကြမ်းဖက်တိုက်ခိုက်မှု စီစဉ်နေကြပြီး ကနဦးအဆင့်မှာပဲ ရှိသေးတယ်လို့လည်း ပြောပါတယ်။ အသက် ၁၆ နှစ်ကနေ ၄၆ နှစ်ကြား အရွယ်တွေဖြစ်ကြပြီး ပြည်ပအကြမ်းဖက်တပ်ဖွဲ့တခုကို ကူညီထောက်ပံ့နေတဲ့ အထောက်အထားတွေ ရရှိထားတယ်။ ကြီးမားတဲ့ အကြမ်းဖက်တိုက်ခိုက်မှုအတွက်လည်း စီစဉ်နေကြတယ်လို့ ရဲတပ်ဖွဲ့က ပြောဆိုပါတယ်။
4 years Ago

November 16, 2016

အိုင်အက်စ်နှင့် ဆက်နွယ်သည်ဟု ယုံကြည်ရသည့် နေရာများကို ဂျာမနီရဲတပ်ဖွဲ့ ၀င်ရောက်စီးနင်း

ဂျာမနီနိုင်ငံတ၀န်း အိုင်အက်စ်အကြမ်းဖက်နဲ့ ပတ်သက်ဆက်နွယ်တယ်လို့ ယုံကြည်ရတဲ့ ဗလီအလုံး ၂၀၀ ကျော်၊ တိုက်ခန်းတွေနဲ့ ရုံးခန်းတွေကို ဂျာမနီရဲတပ်ဖွဲ့က ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက် ညက ဝင်ရောက်စီးနင်းရှာဖွေခဲ့ကြပါတယ်။ ဂျာမနီနိုင်ငံက အစ္စလာမ်ဘာသာရေးအဖွဲ့အစည်းတခုဖြစ်တဲ့ DWR အဖွဲ့ကို အိုင်အက်စ် အကြမ်းဖက်အဖွဲ့အတွက် တပ်သားသစ်တွေ စုဆောင်းပေးမှု စွပ်စွဲချက်နဲ့ အာဏာပိုင်တွေက ပိတ်ပင်ခဲ့အပြီး အခုလို နိုင်ငံတဝန်း ဗလီတွေနဲ့ တိုက်ခန်းတွေကို စီးနင်းမှုတွေ လုပ်ခဲ့တာပါ။ DWR အစ္စလာမ်အဖွဲ့က ဂျာမနီနိုင်ငံမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေလုပ်မယ့် အထောက်အထားမျိုးတော့ မတွေ့ရဘူး၊ ဒါပေမယ့် ဘာသာရေးအခြေခံတဲ့ မုန်းတီးမှုတွေနဲ့ သွေးကွဲမှုတွေဖြစ်အောင် သွေးထိုးလှုံ့ဆော်မှုတွေ ရှိခဲ့တယ်၊ ဒါဟာ ဂျာမနီနိုင်ငံရဲ့ အခြေခံဥပဒေကို ချိုးဖောက်မှုဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရသူက ပြောပါတယ်။ ဂျာမနီနိုင်ငံက မွတ်စလင် ဘာသာရေးအစွန်းရောက်တချို့ဟာ အိုင်အက်စ် အကြမ်းဖက်အဖွဲ့နဲ့ သွားရောက်မပူးပေါင်းခင် ဒီ DWR အစ္စလာမ်ဘာသာရေးအဖွဲ့နဲ့ ဆက်သွယ်မှုတွေကို အာဏာပိုင်တွေက တွေ့ရှိခဲ့ပါတယ်။ လတ်တလော ဆီးရီးယားနဲ့ အီရတ်နိုင်ငံက အိုင်အက်စ်အကြမ်းဖက်အဖွဲ့နဲ့ သွားရောက်ပူးပေါင်း တိုက်ခိုက်နေတဲ့ ဂျာမနီနိုင်ငံက ဘာသာရေးအစွန်းရောက် အယောက် ၉၀၀ လောက် ရှိမယ်လို့လည်း ဂျာမနီလုံခြုံရေးအာဏာပိုင်တွေက ခန့်မှန်းကြပါတယ်။
4 years Ago
Up