ဂျာမနီနည်းပြ

March 21, 2019

စိန်ခေါ်မှုအသစ်များနှင့် ရင်ဆိုင်ရမည့်အချိန်ဖြစ်ဟု ဂျာမနီနည်းပြ ပြော

လက်ရွေးစင်အသင်းမှာ လူငယ်တွေအများစုကို ရွေးချယ်ထားတာကြောင့် စိန်ခေါ်မှုအသစ်တွေနဲ့ ရင်ဆိုင်ရမယ့်အချိန် ဖြစ်တယ်လို့ ဂျာမနီနည်းပြ ဂျိုအာချင်လိုးက ပြောလိုက်ပါတယ်။ ဂျာမနီလက်ရွေးစင်အသင်းနည်းပြ ဂျိုအာချင်လိုးဟာ ဝါရင့်ကစားသမားတွေဖြစ်တဲ့ သောမတ်စ်မူလာ၊ ဘိုတန်၊ ဟမ်းမဲလ် စတဲ့ ကစားသမားတွေကို အသင်းကနေ အနားပေးလိုက်ပြီး လူငယ်လက်ရွေးစင် ကစားသမားတွေကို ရွေးချယ်ပြီး သွေးသစ်လောင်းခဲ့တာ ဖြစ်ပါတယ်။ ဂျာမနီအသင်းမှာ အသက် ၂၃ နှစ်အောက် ကစားသမား ၈ ဦးအထိ ပါဝင်နေပြီး ပွဲ ၃၀ အထက် ပါဝင်ကစားဖူးသူတွေအဖြစ် ဂိုးသမား နူအာ၊ တိုနီခရူးစ်၊ မာကိုရူးစ်တို့သာရှိပြီး လက်ရွေးစင်အဖြစ် တပွဲမှ မကစားဘူးတဲ့ ကစားသမားသစ်သုံးဦးကိုလည်း ရွေးချယ်ခဲ့ပါတယ်။ နည်းပြ ဂျိုအာချင်လိုးကတော့ သူ့ရဲ့ လူငယ်ကစားသမားတွေကို ယုံကြည်မှု အပြည့်အဝထားပြီး ပြုစုပျိုးထောင်သွားမှာဖြစ်လို့ အမှားတွေရှိလာခဲ့ရင်လည်း ဘယ်လိုရင်ဆိုင် ကျော်ဖြတ်သွားရမလဲဆိုတာ သင်ပြသွားမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဂျာမနီအသင်းဟာ မတ်လ ၂၄ ရက်မှာ ၂၀၂၀ ယူရိုခြေစစ်ပွဲ အဖွင့်ပွဲစဉ်အဖြစ် ဟော်လန်အသင်းနဲ့ ထိပ်တိုက်ရင်ဆိုင် ကစားသွားရမှာဖြစ်ပါတယ်။
3 years Ago

July 4, 2018

ဂျာမနီနည်းပြအဖြစ် ဆက်ရှိနေမည်ဟု ဂျိုချင်လိုး ပြော

ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ဂျာမနီအသင်း ထွက်ခဲ့ရပေမယ့်လည်း နည်းပြအဖြစ် ဆက်ရှိနေမယ်လို့ နည်းပြ ဂျိုချင်လိုးက ပြောပါတယ်။ ဂျာမနီအသင်း အုပ်စုအဆင့်ကနေ ထွက်ရလို့ နည်းပြအဖွဲ့ နုတ်ထွက်ပေးဖို့ ဖိအားပေးမှုတွေ ရှိနေချိန်မှာ ဂျိုချင်လိုးက ပြောဆိုလိုက်တာပါ။ သူ့ရဲ့ လက်ရှိ စာချုပ်သက်တမ်းဟာ ၂၀၂၂ ခုနှစ်အထိ ရှိနေပါတယ်။ နည်းပြကတော့ အသင်းကို အချိန်ယူပြီး ပြန်လည်တည်ဆောက်ချင်တယ်လို့ ပြောပါတယ်။ အသက် ၅၈ နှစ်အရွယ် နည်းပြ ဂျိုချင်လိုးဟာ ဂျာမနီကို ၂၀၁၄ ကမ္ဘာ့ဖလားမှာ ချန်ပီယံဖြစ်အာင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဂျာမနီဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား ၄ ကြိမ်စလုံးမှာ ဆီမီးဖိုင်နယ်အဆင့်ထိ တက်ရောက်နိုင်ခဲ့တဲ့ အသင်းလည်း ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိချန်ပီယံ ဂျာမနီဟာ အုပ်စု နောက်ဆုံးပွဲစဉ်မှာ တောင်ကိုရီးယားကို ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးပြီး အုပ်စုကနေ လှည့်ပြန်ခဲ့ရပါတယ်။ ဒါဟာ ဂျာမနီအတွက် ၁၉၃၈ နောက်ပိုင်းမှာ ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။
3 years Ago
Up