ဂျာမနီတွင် လေပြင်းတိုက်ပြီး သစ်ပင်ပြိုလဲ၊ အမျိုးသမီးတဦး သေဆုံး

October 6, 2017

ဂျာမနီတွင် လေပြင်းတိုက်ပြီး သစ်ပင်ပြိုလဲ၊ အမျိုးသမီးတဦး သေဆုံး

ဂျာမနီနိုင်ငံတလွှား အောက်တိုဘာ ၅ ရက်နေ့က လေပြင်းမုန်တိုင်းတွေ တိုက်ခတ်ခဲ့ပြီး အမျိုးသမီးတဦး သေဆုံးခဲ့ပါတယ်။ နိုင်ငံမြောက်ပိုင်း ဆိပ်ကမ်းမြို့ ဟမ်းဘာ့ဂ်မှာ အမျိုးသမီးတဦး စီးနင်းလိုက်ပါလာတဲ့ ကားပေါ် သစ်ပင်ပြိုလဲခဲ့လို့ အမျိုးသမီး သေဆုံးခဲ့ပြီး ကားမောင်းသူကိုတော့ ပြင်းထန်တဲ့ ဒဏ်ရာတွေကြောင့် ဆေးရုံ တင်ပို့ခဲ့ရပါတယ်။ ဟမ်းဘာ့ဂ်မြို့ထဲနဲ့ နိုင်ငံမြောက်ပိုင်းကို ပြေးဆွဲတဲ့ ရထားခရီးစဉ်တွေကိုလည်း ဖျက်သိမ်းခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။ ဟန်နိုဗာနဲ့ ဟမ်းဘာ့ဂ်မြို့ကြား၊ ဟန်နိုဗာနဲ့ ဘာလင်မြို့ကြား၊ ဒေါ့မွန်နဲ့ ဟမ်းဘာ့ဂ်မြို့ကြား ရထားခရီးစဉ်တွေ အပါအဝင် တချို့လမ်းကြောတွေက ရထားခရီးစဉ်တွေကို ဖျက်သိမ်းထားတယ်လို့ ဂျာမန် အမျိုးသားရထားလုပ်ငန်းက ကြေညာပါတယ်။ ရထားတွေ ဘယ်လောက်ကြာကြာ ရပ်ထားရမလဲဆိုတာ မသိသေးဘူးလို့လည်း ပြောခဲ့ပါတယ်။
4 years Ago
Up