ဂျာမနီနိုင်ငံ မြို့တော်ဘာလင်ရှိ အလွန်အေးခဲတဲ့ ရေကန်ထဲမှာ ဒီဇင်ဘာ ၂၅ ရက်နေ့က လူတချို့ ရေဆင်းချိုးပြီး ခရစ္စမတ်ပွဲ ကျင်းပခဲ့ပါတယ်။
အသက်အရွယ်စုံ အမျိုးသား အမျိုးသမီးတွေဟာ ရေကန်ထဲမဆင်းခင် ခရစ္စမတ် ကာရိုးလ်သီချင်းတွေ သီဆိုခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ ရေခဲတမျှအေးတဲ့ “အိုဟွမ်ကက်ဇီ” ရေကန်ထဲဆင်းပြီး ရေချိုးခဲ့ကြတာပါ။
ရေဆင်းချိုးသူ အမျိုးသမီးတဦးက “ပြီးခဲ့တဲ့သီတင်းပတ်က ရာသီဥတု အေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျမတို့ ရေချိုးပါတယ်” လို့ ပြောပါတယ်။
အမျိုးသားတဦးကတော့ “ဒါက ထူးခြားပါတယ်။ လူတိုင်း မလုပ်ကြပါဘူး။ ပျော်စရာကောင်းပြီး လူကို လန်းဆန်းစေပါတယ်။ ကိုယ့်ရဲ့အားနည်းချက်ကို ကျော်လွှားနိုင်တာ အောင်မြင်မှုကြီးတလို့ပါပဲ” လို့ ပြောပါတယ်။
ဒီနှစ် မြို့တော်ဘာလင်ရဲ့ ဆောင်းရာသီဟာ အအေးမလွန်ကဲတဲ့အတွက် ရေဆင်းချိုးသူတချို့က နှင်းတွေကျ၊ ရေတွေခဲပြီး နေရောင်ထွက်တာကို မျှော်လင့်ခဲ့ကြတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago