ဂျာမနီတွင် မိုးကြီးပြီး ရေကြီးရေလျှံမှုကြောင့် လူ ၃ ဦး သေဆုံး

May 31, 2016

ဂျာမနီတွင် မိုးကြီးပြီး ရေကြီးရေလျှံမှုကြောင့် လူ ၃ ဦး သေဆုံး

ပြီးခဲ့တဲ့ရက်တွေအတွင်း ဂျာမနီနိုင်ငံ အနောက်တောင်ပိုင်းမှာ မိုးကြီးပြီး ရေကြီးရေလျှံမှုတွေမှာ လူ ၃ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံ ပြည်ထဲရေးဌာန ပြောခွင့်ရသူက မေလ ၃၀ ရက်နေ့မှာ ပြောပါတယ်။ မြေအောက်ကားရပ်နားခန်းမှာ ရေတွေဝင်လာပြီး အချိန်မီ ပြန်မထွက်နိုင်တဲ့အတွက် အသက် ၆၀ အရွယ် အမျိုးသားတဦး သေဆုံးခဲ့တာလို့ ဘေဒင် ၀ါဒင်ဘတ် (Baden-Wuerttemberg) ပြည်နယ် ပြည်ထဲရေးဌာနက ပြောဆိုပါတယ်။ နောက်တနေရာမှာတော့ ရေနစ်နေသူတဦးကို မီးသတ်တပ်ဖွဲ့ဝင်တဦးက ကယ်ဆယ်ဖို့ ကြိုးစားရင်း ရေနစ်သူရော၊ မီးသတ်တပ်ဖွဲ့ဝင်ပါ သေဆုံးခဲ့ပါတယ်။ ဘဟောင်းဘတ်မြို့မှာတော့ မီးသတ်တပ်ဖွဲ့ဝင် ၁၅၀ လောက် နေအိမ်နစ်မြုပ်သူတွေကို တအိမ်ချင်း၊ သွားရောက်ရှာဖွေ ရွှေ့ပြောင်းပေးနေကြပါတယ်။ ပြီးခဲ့တဲ့တပတ် စနေနေ့ကတော့ ပြင်သစ်နိုင်ငံမြောက်ပိုင်းနဲ့ ဂျာမနီနိုင်ငံ အနောက်တောင်ပိုင်းတို့မှာ မိုးသက်လေပြင်းကျ၊ မိုးကြိုးပစ်ခတ်မှုတွေအတွင်း လူ ၉ ဦး သေဆုံးခဲ့ပါတယ်။
6 years Ago
Up