ဂျာမနီစုံတွဲ

A d v e r t i s e m e n t With Us

May 25, 2019

ကလေးမွေးပြီး ဆေးရုံကအပြန် တက္ကစီပေါ် ကလေးမေ့ကျန်ခဲ့သည့် ဂျာမနီစုံတွဲ

ကလေးမွေးဖွားပြီး ဆေးရုံကအပြန် တက္ကဆီပေါ်မှာ မွေးကင်းစကလေးငယ်ကို မေ့ကျန်ခဲ့တဲ့ ဂျာမနီနိုင်ငံ ဟမ်ဘာ့ဂ်ျမြို့က လူငယ်စုံတွဲတတွဲရဲ့ဖြစ်ရပ်ဟာ အခုတလော လူပြောများစရာ ကိစ္စတခု ဖြစ်နေပါတယ်။ လက်ရှိ ထွက်ပေါ်နေတဲ့ သတင်းတွေအရ ဒီလူငယ်စုံတွဲဟာ သူတို့ရဲ့ ဒုတိယမြောက်ကလေးကို ဟမ်းဘာ့ဂ်ျဆေးရုံမှာ မွေးဖွားခဲ့ပြီး မိသားစုဝင်အသစ်လေးနဲ့အတူ ပျော်ရွှင်စိတ်လှုပ်ရှားစွာ အိမ်ကိုပြန်ရောက်လာခဲ့ပါတယ်။ အိမ်ရောက်တဲ့အချိန်မှာ သူတို့စုံတွဲဟာ တနှစ်အရွယ်အကြီးလေးရဲ့ လက်ကိုဆွဲကာ တက္ကစီသမားကို ကျသင့်ငွေပေးချေပြီး အိမ်ထဲဝင်ခဲ့ပါတယ်။ ဒါပေမယ့် အိမ်ထဲမရောက်ခင်မှာပဲ သူတို့ မွေးကင်းစကလေး လေးကို ကားပေါ်မှာ မေ့ခဲ့တာဆိုတာကို သိရှိခဲ့ရပြီး ကားကို အမီလိုက်ခဲ့ပေမယ့် ကားသမားကတော့ ဘာမှမသိဘဲ မောင်းထွက်သွားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ဒီစုံတွဲဟာ ရဲတပ်ဖွဲ့ကို အသိပေးအကြောင်းကြားခဲ့ပြီး အကူအညီတောင်းခံခဲ့ပါတယ်။ တက္ကစီသမားကတော့ သူတို့အိမ်ကအပြန် နေ့လယ်စာစားဖို့ကားကို မြေအောက် ကားပါကင်တခုမှာ သွားရပ်ခဲ့ပါတယ်။ သူဟာ နေ့လည်စာ စားပြီးချိန်အထိ ကားနောက်ခန်းထဲက အရာကို သတိမထားမိသေးဘဲ နောက်ဧည့်သည်တယောက်ကို လေဆိပ်မှာသွားကြိုခဲ့ပါတယ်။ လေဆိပ်က ဧည့်သည်ကားပေါ်တက်ခါနီးမှ ကားနောက်ခန်းထဲက ကလေးငယ်ကို မြင်တွေ့ခဲ့ရတာဖြစ်ပြီး အဲ့ဒီအချိန်မှာမှ ကားသမားလည်း ကလေးရှိနေတာကို သတိပြုမိခဲ့တာဖြစ်ပါတယ်။ ကလေးမိဘအိမ်ကနေ လေဆိပ်ကိုရောက်တဲ့အထိ ကလေးဟာ အသံမထွက်ဘဲ ငြိမ်သက်နေခဲ့တာကြောင့် သတိမထားမိခဲ့တာလို့ ကားသမားက ပြောဆိုထားပြီး ကလေးနဲ့ပတ်သက်လို့ ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ရဲတပ်ဖွဲ့ရဲ့အကူအညီနဲ့ ကလေးကို မိဘတွေလက်ထဲ ဘေးကင်းစွာ ပြန်ပေးနိုင်ခဲ့တယ်လို့ မေ ၂၂ ရက်နေ့ OC သတင်းမှာ ဖော်ပြပါတယ်။
2 years Ago
Up