ဂျာမဏီနိုင်ငံရဲ့မြို့တော်ဖြစ်တဲ့ ဘာလင်မြို့မှာ နှစ်စဉ်ကျင်းပနေကြဖြစ်တဲ့ မီးထွန်းပန်းချီ ပွဲတော်ကို ကျင်းပနေပြီး ဒီပွဲတော်ရဲ့ဖွင့်ပွဲကို အောက်တိုဘာလ ၇ ရက် သောကြာနေ့က စတင်ဖွင့်လှစ်လိုက်ပါတယ်။
အောက်တိုဘာလ ၁၆ ရက် နောက်တပတ် စနေ့နေ့အထိ ၁၀ ရက် ကျင်းပမယ်လို့လည်း သိရပါတယ်။
ဘာလင်မြို့ရဲ့ အထင်ကရအဆောက်အဦတွေဖြစ်တဲ့ Humboldt University of Berlin၊ ဒီတက္ကသိုလ်ထဲက ဥပဒေဌာန၊ ဘာလင်ဘုရားကျောင်းကြီး စတဲ့ အဆောက်အဦတွေမှာ မီးထွန်းပန်းချီတွေ ဖန်တီးထားတာဖြစ်ပြီး လာရောက်ကြည့်ရှုနေတဲ့ သူတွေနဲ့ ဒီအဆောက်အဦတွေရဲ့ရှေ့မှာ စည်ကားနေတယ်လို့လည်း သိရပါတယ်။
6 years Ago