ဂျာနယ်လစ်များ လုံခြုံရေးအတွက်

December 5, 2017

ဂျာနယ်လစ်များ လုံခြုံရေးအတွက် မက္ကဆီကိုနိုင်ငံအား ကုလသမဂ္ဂ သတိပေး

မက္ကဆီကိုနိုင်ငံကို ဂျာနယ်လစ်တွေရဲ့ လုံခြုံရေးနဲ့ ပတ်သက်ပြီး အကျပ်အတည်းဖြစ်နေတဲ့ နိုင်ငံအဖြစ် ကုလသမဂ္ဂက သတိပေးပြောကြားလိုက်ပါတယ်။ မက္ကဆီကို အစိုးရဟာ ဂျာနယ်လစ်တွေကို လုံခြုံမှုရှိအောင် ကြိုးပမ်းအားထုတ်နိုင်ခြင်း မရှိဘဲ ဂျာနယ်လစ်တွေအပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေကိုလည်း တရားစီရင်မှု မပြုလုပ်နိုင်တာ တွေ့ရတယ်လို့ ကုလသမဂ္ဂက ဒီဇင်ဘာ ၄ ရက်မှာ ပြောကြားသွားပါတယ်။ မက္ကဆီကိုနိုင်ငံဟာ ၂၀၀၆ ခုနှစ်က သတင်းထောက်တွေအပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေကို စုံစမ်းစစ်ဆေးမယ့် ပြည်ထောင်စုံအဆင့် တရားစီရင်ရေးစနစ်ကို ဖန်တီးပေးခဲ့ပေမယ့် ထိရောက်တဲ့ စုံစမ်းစစ်ဆေးမှုတွေ မပြုလုပ်နိုင်တာ၊ အရင်းအမြစ် အားနည်းချက်တွေကြောင့် အပြစ်ပေး အရေးယူနိုင်တာ မရှိသေးဘူးလို့လည်း ကုလသမဂ္ဂရဲ့ လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ ဆိုင်တဲ့ အထူးစုံစမ်းစစ်ဆေးရေးမှူး ဒေးဗစ်ကာရေက ပြောကြားပါတယ်။ မက္ကဆီကိုနိုင်ငံမှာ အခုနှစ်အတွင်း ဂျာနယ်လစ် ၁၁ ဦးထိ သေဆုံးခဲ့ရပါတယ်။ မက္ကဆီကို နိုင်ငံမှာ ၁၇ နှစ်အတွင်း ဂျာနယ်လစ် ၁၁၁ ဦး သေဆုံးသွားပြီး ဖြစ်တယ်လို့လည်း ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago
Up