သတင်းမီဒီယာသမားတွေ မကြာခဏ အသတ်ခံနေရတဲ့ မက္ကဆီကိုနိုင်ငံမှာ ဇူလိုင် ၂၄ ရက်နေ့ကလည်း ပလာယာ ဒါကာမန်မြို့မှာ နောက်ထပ် သတင်းထောက်တဦး အသတ်ခံခဲ့ရပါတယ်။
မက္ကဆီနိုင်ငံက ပလာယာ သတင်းဝက်ဘ်ဆိုက် တည်ထောင်သူ ရူဘန်ပတ် ဆိုသူကို ဇူလိုင် ၂၄ ရက်နေ့ အစောပိုင်းက ပလာယာ ဒါကာမန် ကမ်းခြေမြို့က ဘားတခု အပြင်ဘက်မှာ သေနတ်သမားတွေက ပစ်ခတ်ခဲ့တာပါ။
အခု အသတ်ခံလိုက်ရတဲ့ ရူဘန်ပတ်ဟာ လွန်ခဲ့တဲ့ ၆ လလောက်ကတည်းက အသက်အန္တရာယ် ခြိမ်းခြောက်စာ ရရှိခဲ့တယ်လို့ အမည်မဖော်လိုတဲ့ လုပ်ဖော်ကိုင်ဘက်တဦးက ပြောပါတယ်။
လွန်ခဲ့တဲ့ တလလောက်တုန်းကလည်း ပလာယာ သတင်းဌာနက သတင်းထောက်တဦး အသတ်ခံခဲ့ရပါသေးတယ်။
မက္ကဆီကိုနိုင်ငံမှာ ၂၀၁၈ ခုနှစ်အတွင်း သတင်းမီဒီယာသမား အနည်းဆုံး ၇ ဦး အသတ်ခံခဲ့ရတယ်လို့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေရဲ့ စာရင်းအရ သိရကြောင်း ဗွီအိုအေသတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago