ဂ်ာစီအက်ႌ

September 5, 2018

ချဲလ်ဆီးအသင်း တတိယဂျာစီအင်္ကျီ မိတ်ဆက်ပြသ

ချဲလ်ဆီးအသင်းဟာ သူတို့အသင်းရဲ့ ၂၀၁၈-၂၀၁၉ ဘောလုံးရာသီ တတိယဂျာစီအင်္ကျီအဖြစ် အပြာနုရောင် ဂျာစီကို မိတ်ဆက်ပြသလိုက်ပါတယ်။ အဲဒီဂျာစီဟာ နိုက်ခ်ကုမ္ပဏီရဲ့ နည်းပြနဲ့ ချိတ်ဆက်တဲ့ ပထမဆုံးဂျာစီလည်း ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ အဲဒီဂျာစီကို ယူရိုပါလိဂ်ပွဲစဉ်အဖြစ် PAOK ဆယ်လိုနီကာ အသင်းနဲ့ ကစားမယ့်ပွဲမှာ ပထမဆုံး ဝတ်ဆင်ကစားသွားမှာလည်း ဖြစ်ပါတယ်။ ဂျာစီဟာ နိုက်ခ်အက်ပလီကေးရှင်းနဲ့ ချိတ်ဆက်အသုံးပြုနိုင်မှာ ဖြစ်ပြီး လိုဂိုကို စကန်ဖတ် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ၈၉ ဒသမ ၉၅ ပေါင်နဲ့ ရောင်းချသွားမှာဖြစ်ပြီး ခြေအိတ်တွေကတော့ ၅၄ ဒသမ ၉၅ ပေါင်နဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။ ချဲလ်ဆီးနဲ့ နိုက်ခ်ကုမ္ပဏီတို့ဟာ ပရီးမီးယားလိဂ်မှာ အင်္ကျီဂျာစီ တန်ဖိုးအများဆုံးစာချုပ် ချုပ်ဆိုထားတဲ့ အသင်းတွေထဲက တသင်းလည်း ဖြစ်ပါတယ်။
3 years Ago
Up