ဂျာဂန်ကလော့

October 4, 2017

ဂျာဂန်ကလော့ကို ဘိုင်ယန်မြူးနစ် နည်းပြအဖြစ် ခန့်အပ်မည်ဟု သတင်းထွက်

ဘိုင်ယန်မြူးနစ်အသင်းဟာ ထုတ်ပယ်လိုက်တဲ့ နည်းပြ အန်စလော့တီရဲ့နေရာမှာ လီဗာပူးနည်းပြ ဂျာဂန်ကလော့ကို ခန့်အပ်မယ်လို့ သတင်းထွက်နေပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းနည်းပြ ရာထူးအတွက် ဂျာဂန်ကလော့လို နည်းပြကသာ သင့်တော်မယ်လို့လည်း ဂျာမနီလက်ရွေးစင် နောက်ခံလူဟောင်း မက်ဇယ်ဒါက  စကိုင်းစပေါ့ သတင်းဌာနနဲ့ တွေ့ဆုံမှုမှာ ပြောပါတယ်။ ဂျာမနီနည်းပြ ဂျာဂန်ကလော့ဟာ ဘိုင်ယန်ရဲ့ ပြိုင်ဘက်အသင်းဖြစ်တဲ့ ဒေါ့မွန်အသင်းကို ၇ နှစ်ကြာ တာဝန်ယူ ကိုင်တွယ်ခဲ့သူဖြစ်ပြီး ဘွန်ဒက်စ်လီဂါဖလား ၂ ကြိမ်ရအောင် စွမ်းဆောင်ခဲ့ဖူးတာပါ။ လက်ရှိအချိန်မှာတော့ ဘိုင်ယန်မြူးနစ်အသင်းကို ယာယီနည်းပြအဖြစ် ပြင်သစ်နည်းပြ ဆက်ဂ်နော်က တာဝန်ယူ ကိုင်တွယ်နေတာပါ။ နည်းပြသစ်ရာထူးအတွက် ဂျာဂန်ကလော့ကို ခန့်အပ်ဖို့ အဆင်မပြေခဲ့ရင်လည်း လက်ရှိ ဒေါ့မွန်နည်းပြ တူချယ်၊ ဟော်ဖန်ဟိမ်းနည်းပြ နေဂျယ်လ်မန်းစ်တို့ကို ကမ်းလှမ်းသွားမယ်လို့ သိရပါတယ်။
5 years Ago

November 18, 2016

ကော်တင်ဟို၏အနာဂတ် လီဗာပူးတွင် ဆက်ရှိဟု နည်းပြ ဂျာဂန်ကလော့ ပြော

ကွင်းလယ်ကစားသမား ကော်တင်ဟိုရဲ့ အနာဂတ်ဟာ အသင်းမှာရှိနေတယ်လို့ လီဗာပူးနည်းပြ ဂျာဂန် ကလော့က ပြောပါတယ်။ အသက် ၂၄ နှစ်အရွယ် ဘရာဇီးကွင်းလယ်လူ ကော်တင်ဟိုဟာ ဒီနှစ်ရာသီမှာ ခြေစွမ်းပြနေတာကြောင့် စပိန်ထိပ်သီးကလပ်တွေဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာတို့က ခေါ်ယူဖို့ စိတ်ဝင်စားခြင်း ခံနေရပါတယ်။ ကော်တင်ဟိုဟာ လီဗာပူးအတွက် လောလောဆယ် ၅ ဂိုး သွင်းယူထားပြီး ၅ ဂိုးရအောင် ဖန်တီးပေးထားပါတယ်။ ဒ့ါအပြင် ဘရာဇီးလက်ရွေးစင်အသင်းမှာလည်း ခြေစွမ်းပြနေသူ ဖြစ်ပါတယ်။ ကော်တင်ဟိုရဲ့ အသက်က ငယ်သေးတဲ့အတွက် ဘာပဲဖြစ်ဖြစ် သူ့အနာဂတ်က လီဗာပူးမှာပဲ ဆက်ရှိမှာပါလို့ နည်းပြက ပြောပါတယ်။ လီဗာပူးဟာ ဒီနှစ်ရာသီမှာ တာထွက်ကောင်းနေပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နေပါတယ်။
6 years Ago
Up