ဂျာဂင်ကလော့

A d v e r t i s e m e n t With Us

January 26, 2016

လိဂ်ဖလားပြိုင်ပွဲ ဗိုလ်လုပွဲအထိရောက်ရန် စိတ်ပိုင်းဖြတ်ထားကြောင်း လီဗာပူးနည်းပြ ပြော

လိဂ်ဖလားပြိုင်ပွဲမှာ ဗိုလ်လုပွဲအထိရောက်ရေးဟာ ကစားသမားတွေအတွက် အလွန်အရေးပါတဲ့အကြောင်း လီဗာပူးနည်းပြ ဂျာဂန်ကလော့က ပြောပါတယ်။ လီဗာပူးအသင်းဟာ ဇန်န၀ါရီ ၂၆ ရက် ညမှာ လိဂ်ဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်အဖြစ် အိမ်ကွင်းမှာ စတုတ်စီးတီးနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ကစားသမားတွေက ဗိုလ်လုပွဲအထိရောက်ဖို့ စိတ်ပိုင်းဖြတ်ထားတယ်လို့ နည်းပြ ကလော့က ပြောပါတယ်။ နည်းပြ ကလော့ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကမှ လီဗာပူးကို ရောက်ရှိလာတာပါ။ လီဗာပူးဟာ လိဂ်ဖလား ဆီမီးဖိုင်နယ် ပထမအကျော့ အဝေးကွင်းမှာတုန်းက ၁ ဂိုး ဂိုးမရှိနဲ့ စတုတ်ကို အနိုင်ရထားပါတယ်။ လိဂ်ဖလားပြိုင်ပွဲမှာ လီဗာပူးက ချန်ပီယံ ၈ ကြိမ်နဲ့ အအောင်မြင်ဆုံးအသင်းလည်း ဖြစ်ပါတယ်။
5 years Ago

October 9, 2015

လီဗာပူးအသင်း ကလော့ကို နည်းပြခန့်အပ်

လီဗာပူးအသင်းဟာ လစ်လပ်နေတဲ့ နည်းပြရာထူးနေရာမှာ ဂျာဂင် ကလော့ကို ခန့်အပ်လိုက်ပါတယ်။ အသက် ၄၈ နှစ်ရှိ ဒေါ့မွန်အသင်း နည်းပြဟောင်းဟာ လီဗာပူးနဲ့ ၃ နှစ်စာချုပ် ချုပ်ဆိုနိုင်ဖို့အတွက် ဆွေးနွေးဖို့ အန်ဖီးကလပ်ကို ရောက်ရှိလာခဲ့ပါတယ်။ ဂျာဂင် ကလော့ဟာ အထုတ်ခံရတဲ့ နည်းပြဟောင်း ဘရန်ဒန် ရော်ဂျာစ်ရဲ့ နေရာမှာ အစားထိုးခံရတာ ဖြစ်ပါတယ်။ လီဗာပူးအသင်းဟာ ပရီးမီးယားလိဂ်မှာ ၈ ပွဲ ကစားရာ ၃ ပွဲပဲ နိုင်သေးလို့ ၁၂ မှတ်နဲ့ အဆင့် ၁၀ နေရာမှာ ရပ်တည်နေပါတယ်။ နည်းပြ ကလော့ဟာ ဒေါ့မွန်အသင်းနည်းပြ ဘ၀တုန်းက အသင်းအတွက် ဘွန်ဒစ်လီဂါ ချန်ပီယံဆုကို ၂ ကြိမ်ဆက်တိုက် ရယူထားပါတယ်။
5 years Ago
Up