ဂျာကာတာမြို့လည်ခေါင်တွင် ဗုံးပေါက်ကွဲ၊ ပစ်ခတ်မှုများ ဖြစ်နေ

January 14, 2016

ဂျာကာတာမြို့လည်ခေါင်တွင် ဗုံးပေါက်ကွဲ၊ ပစ်ခတ်မှုများ ဖြစ်နေ (ရုပ်သံ)

အင်ဒိုနီးရှားနိုင်ငံမြို့တော် ဂျာကာတာမြို့လည်က နေရာအတော်များများမှာ ပေါက်ကွဲမှုတွေ ပစ်ခတ်မှုကြောင့် လူ ၆ ဦး သေဆုံးတယ်လို့ ရိုက်တာ သတင်းက ရေးပါတယ်။ ပေါက်ကွဲမှုတွေက သမ္မတ အိမ်တော်နဲ့ ကုလသမဂ္ဂရုံးအနီးက ဈေးဝယ်ဆင်တာတခုမှာ ဖြစ်ပွားခဲ့တာလို့ သတင်းတွေက ဆိုပါတယ်။ သံသယရှိသူတွေနဲ့ ရာနဲ့ချီတဲ့ရဲတွေ လမ်းပေါ်မှာ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ဒီတိုက်ခိုက်မှု နောက်ကွယ်မှာ ဘယ်သူတွေရှိလဲဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
7 years Ago
Up