ဂျပန် နျူကလီးယား ဓာတ်အားပေးစက်ရုံအနီးရှိ မီးတောင်ပေါက်ကွဲ (ရုပ်သံ)

A d v e r t i s e m e n t With Us

February 6, 2016

ဂျပန် နျူကလီးယား ဓာတ်အားပေးစက်ရုံအနီးရှိ မီးတောင်ပေါက်ကွဲ (ရုပ်သံ)

ဂျပန်နိုင်ငံ နျူကလီးယား ဓာတ်အားပေးစက်ရုံအနီးက ဆူကူရာဂျမာ မီးတောင်ဟာ ဖေဖော်ဝါရီ ၅ ရက် ဒေသစံတော်ချိန် ည ၇ နာရီမှာ ပေါက်ကွဲသွားပြီး ချော်ရည်တွေဟာ တောင်စောင်းတလျှောက် စီးဆင်းသွားပါတယ်။ မီးတောင်နဲ့ မိုင် ၃၀ အကွာမှာ ဆန်ဒိုင်း နျူကလီးယား ဓာတ်အားပေး စက်ရုံတည်ရှိနေပေမယ့် တစုံတရာ သတိပေးချက်တော့ ထုတ်ပြန်ခြင်းမရှိပါဘူး။ ညအချိန်မှာ ပေါက်ကွဲတာ ဖြစ်ပြီး မီးတောင် ပေါက်ကွဲမှုကြောင့် ပြာမှုန်နဲ့ ဓာတ်ငွေ့တွေ ဓာတ်ပြုပြီး ထွက်လာတဲ့ လျှပ်စီးကြောင်းတွေကို ရုပ်သံဖိုင်မှာ တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။ ကာဂိုရှီးမား တောင်ပိုင်းမှာရှိတဲ့ မီးတောင်က ပေါက်ကွဲဖို့အတွက် သြဂုတ်လကတည်းက လှုပ်ရှားလာခဲ့တာ ဖြစ်ပါတယ်။ ဒေသခံတွေကိုလည်း နေရာရွှေ့ပြောင်းဖို့နဲ့ ကြိုတင်ပြင်ဆင်ထားဖို့လည်း သတိပေးထားပြီး ဖြစ်ပါတယ်။ လက်ရှိအချိန်အထိတော့ ၁၁၁၇ မီတာမြင့်တဲ့ မီးတောင်ပေါက်ကွဲမှုကြောင့် လူတွေဒဏ်ရာသေဆုံးမှုကတော့ မသိရသေးပါဘူး။ မီးတောင်ပေါက်ကွဲတဲ့အတွက် ကျောက်တုံးတွေဟာ ၂ ကီလိုမီတာအထိ လွင့်စင်တာတွေရှိတယ်လို့လည်း ဆိုပါတယ်။ ဂျပန်နိုင်ငံမှာ သက်ဝင်လှုပ်ရှားနေတဲ့ မီးတောင် ၁၀၀ ကျော်ရှိနေပါတယ်။
5 years Ago
Up