ဂျပန်-မဲခေါင် ယူ ၁၅ ဘောလုံးပွဲ မြန်မာ ယူ ၁၅ ၀င်ပြိုင်မည်

July 2, 2015

ဂျပန်-မဲခေါင် ယူ ၁၅ ဘောလုံးပြိုင်ပွဲ မြန်မာက ထိုင်းကို ရှုံး

ဂျပန်နိုင်ငံ အိုဆာကာမြို့မှာ ဇူလိုင် ၁ ရက်ကနေ ၃ ရက်အထိ ကျင်းပနေတဲ့ ဂျပန် – မဲခေါင် ယူ-၁၅ ဘောလုံးပြိုင်ပွဲ အုပ်စု (ခ) တတိယပွဲစဉ်အဖြစ် ထိုင်းနဲ့ မြန်မာ အသင်းတို့ ကစားရမှာ မြန်မာအသင်းက ၂ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်သွားပါတယ်။ တရက်ကို ၂ ပွဲယှဉ်ပြိုင်ကစားရတဲ့ မနက်ပိုင်း ပြိုင်ပွဲမှာ မြန်မာအသင်းက ဒုတိယပွဲစဉ်အဖြစ် လာအိုနဲ့ ကစားခဲ့ရာမှာ ၁ ဂိုးစီ သရေကျသွားပါတယ်။ မြန်မာအသင်းဟာ အုပ်စု (ခ) မှာ ထိုင်း၊ လာအို၊ ဆန်ဖရီချီ ဟီရိုရှီးမား အသင်းတွေနဲ့ ကျရောက်နေပါတယ်။ ဇူလိုင် ၁ ရက် ပထမပွဲစဉ်မှာတော့ မြန်မာအသင်းဟာ ဆန်ဖရီချီ ဟီရိုရှီးမား ယူ ၁၅ အသင်းကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိထားပါတယ်။ ဒီအတွက် မြန်မာအသင်းဟာ ၃ ပွဲကစား၊ ၁ ပွဲနိုင် ၁ ပွဲသရေ ၁ ပွဲရှုံးပြီး  ၄ မှတ် ရရှိထားပါတယ်။ ဇူလိုင် ၃ ရက်မှာတော့ မြန်မာ အသင်းဟာ ဂျပန်ကလပ် ကိုဘေးနဲ့ ပဉ္စမနေရာ လုပွဲ ကစားရမှာ ဖြစ်ပါတယ်။
6 years Ago

ဂျပန်-မဲခေါင် ယူ ၁၅ ဘောလုံးပြိုင်ပွဲ လာအို - မြန်မာ သရေကျ

ဂျပန်နိုင်ငံ အိုဆာကာမြို့မှာ ဇူလိုင် ၁ ရက်ကနေ ၃ ရက်အထိ ကျင်းပနေတဲ့ ဂျပန် – မဲခေါင် ယူ-၁၅ ဘောလုံးပြိုင်ပွဲ အုပ်စု (ခ) ဒုတိယပွဲစဉ်အဖြစ် မြန်မာအသင်းဟာ လာအိုနဲ့ ကစားခဲ့ရာမှာ ၁ ဂိုးစီ သရေကျသွားပါတယ်။ မြန်မာ ယူ-၁၅ အလယ်တန်းကစားသမား ထက်ဖြိုးဝေက မြန်မာအသင်းအတွက် ဂိုးသွင်းယူပေးခဲ့သလို လာအိုအသင်းက ကစားသမား ဇင်နာ လမ်နောင်က သွင်းယူသွားတာ ဖြစ်ပါတယ်။ ဇူလိုင် ၁ ရက် ပထမပွဲစဉ်မှာတော့ မြန်မာအသင်းဟာ ဆန်ဖရီချီ ဟီရိုရှီးမား ယူ ၁၅ အသင်းကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိထားပါတယ်။ ဒီအတွက် မြန်မာအသင်းဟာ ၂ ပွဲကစား၊ ၁ ပွဲနိုင် ၁ ပွဲသရေကျထားပြီး ၄ မှတ် ရရှိထားပါတယ်။ မြန်မာအသင်းဟာ အုပ်စု (ခ) မှာ ထိုင်း၊ လာအို၊ ဆန်ဖရီချီ ဟီရိုရှီးမား အသင်းတွေနဲ့ ကျရောက်နေပါတယ်။ ဒီအုပ်စုမှာ ထိုင်းအသင်းက ဆန်ဖရီချီ ဟီရိုရှီးမားအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ထားသလို လာအိုအသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ထားပါတယ်။ လာအိုအသင်းက ၂ ပွဲကစား ၁ ပွဲနိုင် ၁ ပွဲသရေ ၄ မှတ်၊ မြန်မာအသင်းက ၂ ပွဲကစား ၁ ပွဲနိုင် ၁ ပွဲသရေနဲ့ ၄ မှတ်ရရှိထားပါတယ်။ မြန်မာနဲ့ လာအိုအသင်းတို့ အမှတ်တူနေပေမယ့် ဂိုးကွာဟချက်ကြောင့် မြန်မာက အုပ်စု (ခ) မှာ ဒုတိယနေရာ ရပ်တည်နေပါတယ်။ ဇူလိုင် ၂ ရက်မှာ အုပ်စု (ခ) က မြန်မာအသင်းရဲ့ တတိယပွဲစဉ်အဖြစ် ထိုင်း ယူ ၁၅ အသင်းနဲ့ ကစားမှာ ဖြစ်ပါတယ်။
6 years Ago

July 1, 2015

မြန်မာ ယူ ၁၅ ဂျပန် ကလပ်ကို အနိုင်ရ

ဂျပန်နိုင်ငံ၊ အိုဆာကာမြို့မှာ ဇူလိုင် ၁ ရက်ကနေ ၃ ရက်အထိ ကျင်းပနေတဲ့ ဂျပန် - မဲခေါင် ယူ-၁၅ ဘောလုံးပြိုင်ပွဲမှာ မြန်မာအသင်းဟာ ဂျပန်ကလပ် ဆန်ဖရီချီ ဟီရိုရှီးမား ယူ ၁၅ အသင်းကို အနိုင်ရရှိခဲ့ပါတယ်။ မြန်မာ ယူ ၁၅ အသင်းက ၃ ဂိုး ၂ ဂိုးနဲ့ ဆန်ဖရီချီ ဟီရိုရှီးမား ယူ ၁၅ အသင်းကို အနိုင်ရရှိခဲ့ပါတယ်။ မြန်မာအသင်းဟာ အုပ်စု (ခ) မှာ ထိုင်း၊ လာအို၊ ဆန်ဖရီချီ ဟီရိုရှီးမား အသင်းတွေနဲ့ ကျရောက်နေပါတယ်။ မြန်မာအသင်းဟာ ဇူလိုင် ၂ ရက် မနက်ပိုင်းမှာ လာအို၊ ညနေပိုင်းမှာ ထိုင်းအသင်းနဲ့ အုပ်စုပွဲစဉ်တွေ ကစားရမှာ ဖြစ်ပါတယ်။ ဇူလိုင် ၃ ရက်မှာတော့ အုပ်စု ပထမရတဲ့ ၂ သင်းက ဗိုလ်လုပွဲကစားရမှာ ဖြစ်ပြီး အုပ်စု ဒုတိယရတဲ့ ၂ သင်းက တတိယ၊ တတိယ ၂ သင်းက ပဉ္စမ၊ စတုတ္ထ ၂ သင်းက သတ္တမ နေရာ အတွက် ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။
6 years Ago
Up