ဂျပန် နာမည်ကျော် ဆူမိုနပန်းသမားများ၏ တာတိုအပြေးပြိုင်ပွဲ(ရုပ်သံ)

October 25, 2015

ဂျပန် နာမည်ကျော် ဆူမိုနပန်းသမားများ၏ တာတိုအပြေးပြိုင်ပွဲ(ရုပ်သံ)

ဂျပန် ဆူမိုနပန်း အကျော်အမော် အီရှီယူမာ မာ့ဆကာဆုဟာ တခြားသူ့အပေါင်း အဖော် ဆူမိုနပန်းသမားတွေနဲ့ အပျော်တမ်း တာတိုအပြေးပြိုင်ပွဲ လေ့ကျင့်နေတဲ့ ဗွီဒီယိုဖိုင်ကို သူ့ရဲ့တွစ်တာစာမျက်နှာမှာ အောက်တိုဘာ ၂၃ ရက်နေ့က ဖော်ပြလိုက်ပါတယ်။

တခြား ဆူမိုနပန်းသမား အကျော်အမော်တွေဖြစ်တဲ့ အန်တိုအမ်မာခါဇေ၊ တပ်ဆူယာကီ ခိုင်ဟို၊ ကာနာတာ တာကာတန်ချူတို့နဲ့အတူ ဂျပန်နိုင်ငံ၊ ၀ါကာယာမာ မြို့ကို သွားရောက်လည်ပတ်စဉ်မှာ ရိုက်ကူးခဲ့တာဖြစ်တယ်လို့ မာ့ဆကာဆုက ပြောပါ တယ်။

အဲဒီဗွီဒီယိုဖိုင်မှာ သူ့သူငယ်ချင်း ၃ ယောက်စလုံးဟာ တာတိုအပြေးပြိုင်ကွင်းထဲမှာ ဖြည်းဖြည်းနှေးနှေး ခက်ခက်ခဲခဲယှဉ်ပြိုင်နေတာကို တွေ့ရမှာဖြစ်ပြီး နောက်ဆုံးမှာတော့ ခိုင်ဟိုက အနိုင်ရရှိခဲ့တယ်လို့ ယူပီအိုင်သတင်းမှာ ဖော်ပြပါတယ်။

6 years Ago
Up