ဂျပန် ဇီဝဗေဒပညာရှင် ဆေးပညာဆိုင်ရာ နိုဘယ်လ်ဆု ရရှိ

A d v e r t i s e m e n t With Us

October 4, 2016

ဂျပန် ဇီဝဗေဒပညာရှင် ဆေးပညာဆိုင်ရာ နိုဘယ်လ်ဆု ရရှိ

အခုနှစ်အတွက် ဆေးပညာဆိုင်ရာ နိုဘယ်လ်ဆုကို ဂျပန်ဇီဝဗေဒပညာရှင်တဦး ရရှိသွားပါတယ်။ ခန္ဓာကိုယ်အတွင်း ဆဲလ်တွေ အဟောင်းစွန့် အသစ်ပြန်လည်ဖြစ်တည်မှုကို တွေ့ရှိခဲ့တဲ့ ဂျပန်ပညာရှင် ဒေါက်တာ ယိုရှီနိုရီ အိုဆူမီက ရရှိခဲ့တာပါ။ ဒေါက်တာ အိုဆူမီကို ဂျပန်နိုင်ငံ၊ ဖူကူအိုကာမြို့မှာ မွေးဖွားခဲ့ပြီး အသက် ၇၁ နှစ်ရှိပြီ ဖြစ်ပါတယ်။ ဆဲလ်တွေ အဟောင်းစွန့်ပြီး အသစ်ပြန်လည်ဖြစ်တည်မှု ဖြစ်စဉ်ကို တွေ့ရှိခဲ့တာကြောင့် လူတွေမှာ ကင်ဆာရောဂါကစလို့ ပါကင်ဆန် အကြောအားနည်း ရောဂါအဆုံး မဖြစ်ပွားအောင် ကာကွယ်တားဆီးနိုင်ဖို့ ဒေါက်တာ အိုဆူမီရဲ့ ရှာဖွေတွေ့ရှိမှုက အလွန်အရေးပါတာပါ။ ဒီဖြစ်စဉ် ဟန်ချက်ပျက်တာနဲ့ လူတွေမှာ ရောဂါဘယ ဖြစ်ပွားရတာပါ။ ဒီတွေ့ရှိမှုကို အခြေခံပြီး ကင်ဆာရောဂါ အပါအ၀င် ရောဂါအတော်များများကို ကာကွယ်နိုင်မယ့် ဆေးဝါးတွေကို သုတေသန လုပ်နေကြပြီ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်ကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ လောက်ကတည်းက သိရှိခဲ့ပေမယ့် ဒေါက်တာ ယိုရှီနိုရီရဲ့ လေ့လာစမ်းသပ်မှုတွေနောက်ပိုင်းမှာ ပိုပြီး နားလည်လာကြတာပါ။ သူ အခုလို ကျန်းမာရေးဆိုင်ရာ နိုဘယ်လ်ဆု ချီးမြှင့်ခံရတာ အထူးအံ့အားသင့်ခဲ့ပြီး အထူးဂုဏ်ယူတယ်လို့ သတင်းတွေက ဆိုပါတယ်။
4 years Ago
Up