ဂျပန်နိုင်ငံအလယ်ပိုင်းကို တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်၊ ဒေသအချို့တွင် မိုးကြီး

August 7, 2017

ဂျပန်နိုင်ငံအလယ်ပိုင်းကို တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်၊ ဒေသအချို့တွင် မိုးကြီး

တိုင်ဖွန်းမုန်တိုင်း နိုရုဟာ ဂျပန်ကုန်းမကြီး အလယ်ပိုင်းကို ဒီနေ့ ချဉ်းကပ်လာပြီး အပြင်းအထန် တိုက်ခတ်နေလို့ ဂျပန်နိုင်ငံ တချို့ဒေသတွေမှာ မိုးကြီးနေပါတယ်။ မုန်တိုင်းကတော့ ဒီနှစ်ထဲမှာ ကမ္ဘာ့အားအကောင်းဆုံး မုန်တိုင်းအဆင့်ကနေ အများကြီး အားပျော့လာပါတယ်။ ဂျပန်ရဲ့ အသေးဆုံးကျွန်းမ ရှိခိုခုကျွန်းပေါ်က ထောင်သောင်းချီနေတဲ့ လူတွေကို ဘေးကင်းရာရွှေ့ပြောင်းရေး အကြံပေးချက် ထုတ်ပြန်ခဲ့ပြီး လေကြောင်းခရီးစဉ် ၂၃၀ လောက်ကိုလည်း ဖျက်သိမ်းခဲ့ရပါတယ်။ သြဂုတ် ၆ ရက်နေ့ကတော့ လူ ၂ ဦး သေဆုံးကြောင်း အစီရင်ခံခဲ့ပြီး နောက်ထပ်သေဆုံးမှု ကြေညာတာ မရှိသေးသလို လူပျောက်ဆုံးမှု အစီရင်ခံတာလည်း မရှိပါဘူး။ ကိုရီးယားနာမည် နိုရိုဟာ သမင်လို့ အဓိပ္ပာယ်ရပြီး ဒီမုန်တိုင်းဟာ လွန်ခဲ့တဲ့ သီတင်း ၂ ပတ်က စဖွဲ့စည်းလာကာ ပစိဖိတ်မြောက်ပိုင်းမှာ ရွေ့လျားခဲ့ပြီး အဆင့်ငါး မုန်တိုင်းအထိ အားကောင်းလာခဲ့ပေမယ့် ခုတော့ အဆင့်တစ် မုန်တိုင်းအဖြစ် အားလျော့သွားခဲ့ပါတယ်။ နိုရုတိုင်ဖွန်းဟာ ဒီနေ့နှောင်းပိုင်းမှာ အပူပိုင်းမုန်တိုင်းအဆင့်ကို လျော့ကျလာမယ်လို့ အပူပိုင်းမုန်တိုင်း ဘေးအန္တရာယ် အင်တာနက် စာမျက်နှာမှာ ခန့်မှန်း ဖော်ပြထားပါတယ်။
4 years Ago
Up