ဂျပန်နိုင်ငံရှိ မြန်မာသံရုံး

September 10, 2017

ဂျပန်နိုင်ငံရှိ မြန်မာသံရုံး အရေးပေါ်လုံခြုံရေးအကူညီ တောင်းခံခဲ့ရ

ဂျပန်နိုင်ငံ တိုကျိုမြန်မာသံရုံးက အရေးပေါ်လုံခြုံရေးအကူအညီတောင်းခံခဲ့ရတယ်လို့ ဂျပန် NHK တီဗွီသတင်းဌာနက ကြေညာသွားပါတယ်။ ဂျပန်နိုင်ငံရောက် နိုင်ငံတကာမွတ်စလင်များအဖွဲ့က စက်တင်ဘာ ၈ ရက်နေ့က တိုကျိုမြို့ရှိ မြန်မာသံရုံးရှေ့ဆန္ဒပြတုန်းမှာ သံရုံးအတွင်း ၀င်ရောက်ဖို့ ကြိုးပမ်းတယ်ဆိုပြီး မြန်မာသံရုံးက အရေးပေါ်ဖုန်းနံပါတ် ၁၁၀ ကို ဖုန်းဆက်အကူအညီတောင်းခံခဲ့ကြောင်း ဂျပန်သတင်းမှာ ကြေညာသွားပါတယ်။ မြန်မာနိုင်ငံအနောက်ဘက် ရခိုင်ပြည်နယ်အရေးနဲ့ပတ်သက်ပြီး အင်ဒိုနီရှား၊ မလေးရှား ပါကစ္စတန်နိုင်ငံတို့မှာလည်း အလားတူ ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။ စက်တင်ဘာ ၈ ရက်နေ့က တိုကျိုမြို့ မြန်မာသံရုံးရှေ့ဆန္ဒပြပွဲမှာ မြန်မာနိုင်သားတွေနဲ့ ပါကစ္စတန်အပါအ၀င် နိုင်ငံခြားသားတွေ ပါဝင်ခဲ့ကြပြီး တချို့က ဂျပန်နိုင်ငံရဲ့ သတ်မှတ်ထားတဲ့ ဥပဒေစည်းကမ်းတွေ ချိုးဖောက်ခဲ့ကြတာကြောင့် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ဂျပန်လုံခြုံရေးရဲအရာရှိတဦးက ဒီဗွီဘီကို ပြောပါတယ်။
4 years Ago
Up