ဂျပန်နိုင်ငံတွင် နှစ်စဉ်ကျင်းပသည့် နှင်းပွဲတော် စတင်ကျင်းပ

February 7, 2017

ဂျပန်နိုင်ငံတွင် နှစ်စဉ်ကျင်းပသည့် နှင်းပွဲတော် စတင်ကျင်းပ (ရုပ်သံ)

ဂျပန်နိုင်ငံမြောက်ပိုင်း ဆက်ပ်ပိုရို (Sapporo) မြို့မှာ နှစ်စဉ်ကျင်းပမြဲ နှင်းပွဲတော်ကို ဖေဖော်ဝါရီ ၆ ရက်နေ့က စတင်ကျင်းပခဲ့ပါတယ်။ အခုနှစ်ပွဲတော်ဟာ ၆၈ နှစ်မြောက် နှင်းပွဲတော်ဖြစ်ပြီး ရေခဲနဲ့ နှင်းပန်းပုရုပ် ၂၀၀ ကျော် ပြသထားပါတယ်။ ဆက်ပ်ပိုရိုမြို့က အထင်ကရပန်းခြံတခုနဲ့ တခြားနေရာ ၂ နေရာမှာ ပြသထားပြီး အမြင့် ၁၇ မီတာရှိတဲ့ ပြင်သစ်နိုင်ငံ ပါရီမြို့တော်က လွတ်လပ်ရေးမုခ်ဦး ပုံစံငယ်တခုလည်း ပြုလုပ်ပြသထားပါတယ်။ ရေခဲရုပ်တုတွေထဲမှာ နာမည်ကျော်ပုဂ္ဂိုလ်တွေရဲ့ ရုပ်တုတွေလည်း ပါဝင်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ လတ်တလော ကမ္ဘာကျော်နေတဲ့ ပီပီအေပီသီချင်းရေးသားသူ အဆိုတော် ပီကိုတာရို (Pikotaro) ရဲ့ရုပ်တုလည်း ပါဝင်ပါတယ်။ အခုနှစ်မှာ အပူချိန် သိပ်မမြင့်လို့ ရုပ်တုပုံဖော် ထုလုပ်မှုတွေ အဆင်ပြေပြေ ချောချောမွေ့မွေ့ ဖြစ်ခဲ့ပါတယ်လို့ ပွဲတော်စီစဉ်သူတွေက ပြောဆိုပါတယ်။ အခုလလယ်အထိ ဒီပွဲတော်ကို ကျင်းပသွားမှာဖြစ်ပြီး လာရောက်လည်ပတ်သူ ၂ သန်းကျော်လောက် ရှိလိမ့်မယ်လို့ မျှော်လင့်ကြောင်း ပွဲတော်စီစဉ်သူတွေက ပြောပါတယ်။
4 years Ago
Up