ဂျပန်နိုင်ငံတွင် ဓာတုဗေဒစက်ရုံ ပေါက်ကွဲ၊ လူ ၁ ဦး သေဆုံး

December 1, 2017

ဂျပန်နိုင်ငံတွင် ဓာတုဗေဒစက်ရုံ ပေါက်ကွဲ၊ လူ ၁ ဦး သေဆုံး

ဂျပန်နိုင်ငံ ရှိဇုအိုခ ခရိုင်မှာ ဓာတုဗေဒ စက်ရုံတရုံ ဒီနေ့ အစောပိုင်းက ပေါက်ကွဲခဲ့လို့ လူတဦးသေဆုံးပြီး ဆယ်ယောက်ကျော် ဒဏ်ရာရတယ်လို့ ဒေသခံ မီဒီယာက အစီရင်ခံပါတယ်။ တီဗွီတိုကျိုရုပ်သံက ထုတ်လွှင့်တဲ့ ကောင်းကင်ရုပ်ပုံတွေထဲမှာ ဖူဂျီမြို့တွင်းက စက်ရုံ မီးလောင်နေပုံကို မြင်ရပြီး မီးသတ်သမားတွေက မီးကို ကြိုးစားငြှိမ်းသတ်နေပါတယ်။ အာရခဝ ဓာတုစက်ရုံလုပ်ငန်းက ပိုင်တဲ့ စက်ရုံမှာ ပေါက်ကွဲသံကြားတယ်လို့ တာဝန်သိသူတဦးက ရဲဆီ ဖုန်းဆက်သတင်းပေးခဲ့တာလို့ ဒေသခံမီဒီယာက ပြောပါတယ်။ ပေါက်ကွဲချိန်မှာ အထပ်လေးထပ်ရှိတဲ့ စက်ရုံအတွင်း လူဆယ်ဦးကျော် အလုပ်လုပ်နေခဲ့တယ်လို့ ဒေသခံမီဒီယာက အစီရင်ခံပါတယ်။ စက်ရုံကနေ မီတာတရာပတ်လည်က ဒေသခံတွေကို ဒေသခံ အာဏာပိုင်တွေက ဘေးကင်းရာ ရွှေ့ပြောင်းခိုင်းထားပါတယ်။ ဓာတုစက်ရုံ မီးလောင်မှုက ထွက်လာတဲ့ မီးခိုးက အဆိပ်သင့်နိုင်တဲ့ အလားအလာ ရှိတယ်လို့လည်း ဆိုပါတယ်။
4 years Ago
Up