ဂျပန်နိုင်ငံက မြောက်ကိုရီးယားအပေါ် ပိတ်ဆို့အရေးယူမှု ထပ်မံ တိုးမြှင့်ချမှတ်

December 15, 2017

ဂျပန်နိုင်ငံက မြောက်ကိုရီးယားအပေါ် ပိတ်ဆို့အရေးယူမှု ထပ်မံ တိုးမြှင့်ချမှတ်

ဂျပန်နိုင်ငံက  မြောက်ကိုရီးယားအပေါ် ပိတ်ဆို့အရေးယူမှုတွေ ထပ်မံတိုးမြှင့် ချမှတ်လိုက်ပါတယ်။ ဒီဇင်ဘာ ၁၅ ရက်က ကျင်းပတဲ့ ဂျပန်အစိုးရ ကက်ဘိနက်အစည်းအဝေးမှာ မြောက်ကိုရီးယား အဖွဲ့အစည်း ၁၉ ခုရဲ့ ပိုင်ဆိုင်မှုပစ္စည်းတွေ ထုတ်ယူသုံးစွဲခွင့်ကို တားမြစ်ဖို့ ဆုံးဖြတ်လိုက်တယ်လို့ ဂျပန်ကက်ဘိနက် အတွင်းဝန်ချုပ် ယိုရှိဟိဒဲစုငက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားတာပါ။ မြောက်ကိုရီးယားဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ပိတ်ဆို့အရေးယူမှုတွေကို အာခံပြီး တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ်မှုတွေ ပြုလုပ်ခဲ့တာပါ။ နိုဝင်ဘာ ၂၉ ရက်နေ့က အမေရိကန်ကုန်းမြေအထိ ပစ်ခတ်နိုင်စွမ်းရှိတဲ့ တိုက်ချင်းပစ်ဒုံးကျည် စမ်းသပ်မှု ပြုလုပ်ခဲ့ပါသေးတယ်။
4 years Ago
Up