ဂျပန်နိုင်ငံက ဂျီပီအက်စ်စနစ် အထောက်အကူပြု ဂြိုဟ်တု လွှတ်တင်

October 10, 2017

ဂျပန်နိုင်ငံက ဂျီပီအက်စ်စနစ် အထောက်အကူပြု ဂြိုဟ်တု လွှတ်တင်

ဂျပန်နိုင်ငံက သူတို့ရဲ့ ၄ ခုမြောက် ဂျီပီအက်စ်စနစ် အထောက်အကူပြု ဂြိုဟ်တုကို ဒီကနေ့ အောင်အောင်မြင်မြင် လွှတ်တင်နိုင်ခဲ့ပါတယ်။ အဲဒီဂြိုဟ်တု လွှတ်တင်ပြီးနောက် ကားတွေနဲ့ စမတ်ဖုန်းတွေမှာသုံးတဲ့ တည်နေရာပြစနစ် ဂျီပီအက်စ်ဟာ ပိုပြီး တိကျမှန်ကန်လာမယ်လို့ ပြောပါတယ်။ မီချီဘီကီ (Michibiki) နံပါတ် ၄ ဂြိုဟ်တုကို သယ်ဆောင်သွားတဲ့ H-2A (H-IIA)  ဒုံးကျည်ကို  ဂျပန်နိုင်ငံတောင်ပိုင်းက တာနေးငါး ရှိမာ အာကာသစခန်းကနေ အောက်တိုဘာ ၁၀ ရက် ဒေသစံတော်ချိန် မနက် ၇ နာရီလောက်က လွှတ်တင်ခဲ့တာပါ။ အခုလွှတ်တင်လိုက်တဲ့ ဂြိုဟ်တုဟာ အရင် အမေရိကန်ဂြိုဟ်တုကနေ တိုင်းတာရရှိတဲ့ တည်နေရာပြ ဂျီပီအက်စ်စနစ်ကို အရင်ကထက် ပိုမိုတိကျအောင် ကူညီတိုင်းတာပေးနိုင်မှာ ဖြစ်တယ်လို့ ဂျပန်မီဒီယာတွေက ပြောပါတယ်။ နောက်ထပ် တည်နေရာပြစနစ်ကို အထောက်အကူပေးတဲ့ ဂြိုဟ်တုတွေ ထပ်မံလွှတ်တင်ဦးမှာ ဖြစ်ပါတယ်။ အခုလွှတ်တင်လိုက်တဲ့ ဂြိုဟ်တု ၄ လုံး ဂျီပီအက်စ်စနစ်ကို ၂၀၁၈ ခုနှစ်မှာ စတင်အသုံးပြုသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
4 years Ago
Up