ဂျပန်နိုင်ငံခြားရေးဝန်ကြီး

January 13, 2018

ဂျပန်နိုင်ငံခြားရေးဝန်ကြီး မောင်တောဒေသသို့ လာရောက်လေ့လာ

ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E.Mr. Taro KONO မောင်တောဒေသရှိ ပကတိမြေပြင်အနေအထားတွေကို လေ့လာဖို့ ဒီနေ့ မနက်ပိုင်းက ရောက်ရှိလာပါတယ်။ ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး H.E.Mr. Taro KONO နဲ့ သံတမန်အဖွဲ့တွေဟာ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဝင်းမြတ်အေး လိုက်ပါပြီး မောင်တောကို ရဟတ်ယဉ်တွေနဲ့ ရောက်ရှိလာကြတာ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီးနဲ့အဖွဲ့ဟာ မောင်တောမြို့ ပန်းတောပြင် ဘင်္ဂါလီကျေးရွာကို သွားရောက်ပြီး ဘင်္ဂါလီကျေးရွာလူကြီးတွေနဲ့ တွေဆုံကာ လက်ရှိ ကျေးရွာကို လျှပ်စစ်မီးပေးနေမှုတွေ၊ လူနေအိမ်တည်ဆောက်နေမှုအခြေနေတွေကို မေးမြန်းခဲ့ပါတယ်။ မောင်တောမြို့မှ တဆင့် လေယာဉ်တွေနဲ့ တောင်ပြိုလက်ဝဲရှိ တဖက် ဘင်္ဂလားဒေရှ်နိုင်ငံကို ထွက်ပြေးသွားခဲ့ကြတဲ့ ဘဂါင်္လီတွေကို လက်ခံဖို့ ဆောက်လုပ်နေတဲ့ လက်ခံရေး စင်တာတွေ ဆောက်လုပ်နေမှု အခြေအနေတွေကို လေ့လာဖို့ ထွက်ခွာသွားခဲ့တယ်လို့ သိရပါတယ်။
4 years Ago

October 7, 2016

ဂျပန်နှင့်ရုရှား မဟာဗျူဟာမြောက်ဆွေးနွေးမည်

ဂျပန်နိုင်ငံနဲ့ ရုရှားနိုင်ငံတို့ရဲ့ ဒုနိုင်ငံခြားရေးဝန်ကြီးအဆင့်အကြား မဟာဗျူဟာမြောက်ဆွေးနွေးပွဲကို လာမယ့်အောက်တိုဘာ ၁၃ ရက်နေ့ကျရင် ရုရှားနိုင်ငံမော်စကိုမှာ ကျင်းမယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဖူမီအို ကီရှီဒါက ဒီနေ့ကြေညာပါတယ်။ ဂျပန်ဒုနိုင်ငံခြားရေးဝန်ကြီး ရှင်ဆူကဲ့ဆူဂျီရာမနဲ့ ရုရှားရဲ့ ဒု (ပထမ) နိုင်ငံခြားရေးဝန်ကြီး ဗလာဒီမာတီဗော့တို့ တွေ့ဆုံရာ မြောက်ကိုရီးယားနဲ့ ဆီးရီးယားကိစ္စအပါအ၀င် နိုင်ငံတကာ အရေးကိစ္စတွေ ဆွေးနွေးကြမယ်လို့ အန်အိပ်ခ်ျကေသတင်းက ရေးပါတယ်။ နှစ်နိုင်ငံဟာ ၂၀၀၇ ခုနှစ်ကစပြီး နိုင်ငံတကာနဲ့ အကျိုးတူကိစတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးကြဖို့ ၂၀၀၇ ခုနှစ်မှာ မဟာဗျူဟာမြောက်ဆွေးနွေးမှု မူဘောင်တရပ်ကို ထုတ်ပြန်ခဲ့ပါတယ်။ ဒီတကြိမ်တွေ့ဆုံရာမှာ မြောက်ပိုင်းနယ်မြေဒေသရေးရာနဲ့ ဂျပန်-ရုရှားငြိမ်းချမ်းရေး စာချုပ်ချုပ်ဆို နိုင်ရေးကိစ္စတွေပါဝင်မှာဖြစ်ပြီး တာဝန်ရှိသူတွေက ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးကြမှာလို့ ဆိုပါတယ်။ လက်ရှိဂျပန်က ထိန်းချုပ်ထားတဲ့ ကျွန်းလေးကျွန်းကို ဂျပန်က ပိုင်ဆိုင်မှုအဖြစ် အငြင်းပွား နေကြပါတယ်။ ဒီကျွန်းတွေကို ရုရှားက ဒုတိယကမဘာစစ်အပြီးမှ တရားဝင်သိမ်းပိုက်ခဲ့ တာလို့ ဂျပန်အစိုးရက ပြောဆိုနေပြီး ဒါကြောင့်နှစ်နိုင်ငံအကြား ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုနိုင်ခြင်းမရှိတဲ့ ကြန့်ကြာနေတာဖြစ်ပါတယ်။
5 years Ago
Up