ဂျပန်၊ အမေရိကန်နှင့် တောင်ကိုရီးယား ထိပ်တန်းအရာရှိများ မြောက်ကိုရီးယားအရေး ဆွေးနွေး

April 25, 2017

ဂျပန်၊ အမေရိကန်နှင့် တောင်ကိုရီးယား ထိပ်တန်းအရာရှိများ မြောက်ကိုရီးယားအရေး ဆွေးနွေး

ဂျပန်၊ အမေရိကန်နဲ့ တောင်ကိုရီးယားအစိုးရ ထိပ်တန်းအရာရှိတွေ ဒီကနေ့ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ တွေ့ဆုံပြီး မြောက်ကိုရီးယားအရေးနဲ့ပတ်သက်လို့ ဆွေးနွေးညှိနှိုင်းခဲ့ပါတယ်။ ဒီသုံးပွင့်ဆိုင်ဆွေးနွေးပွဲမှာ မြောက်ကိုရီးယားဆိုင်ရာ အမေရိကန် အထူးသံတမန် ဂျိုးဇက်ယွန်၊ ဂျပန်အစိုးရ နိုင်ငံခြားရေးရာဌာန ညွှန်ကြားရေးမှူး ကန်ဂျီ ကန်နာဆူဂီနဲ့ ကိုရီးယားကျွန်းဆွယ် တည်ငြိမ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ တောင်ကိုရီးယား အထူးကိုယ်စားလှယ် ကင်ဟောင်ကျွန်းတို့ တက်ရောက်ခဲ့ပါတယ်။ မြောက်ကိုရီးယားအစိုးရဟာ သူ့ရဲ့ ၆ ကြိမ်မြောက် နျူကလီးယားဒုံးလက်နက် စမ်းသပ်ချက်ကို ဒီကနေ့မနက်အစောပိုင်းမှာ လုပ်နိုင်တယ်လို့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် အခုလို သုံးနိုင်ငံ ဆွေးနွေးပွဲကို အရေးပေါ် ကျင်းပခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ကတော့ လုံခြုံရေးကေင်စီအနေနဲ့ မြောက်ကိုရီးယားအပေါ် နောက်ထပ် အရေးယူပိတ်ဆို့မှုတွေလုပ်ဖို့ ပြင်ဆင်ရမယ်လို့ ပြောကြားခဲ့ပါတယ်။
4 years Ago
Up