ဂျပန်၊ အီကွေဒေါ ငလျင်ဒုက္ခသည်ကူညီရေး ရန်ပုံငွေဖျော်ဖြေပွဲ ထိုင်းအနုပညာရှင် ၅၀ ကျော်ပါဝင်

A d v e r t i s e m e n t With Us

April 24, 2016

ဂျပန်၊ အီကွေဒေါ ငလျင်ဒုက္ခသည်ကူညီရေး ရန်ပုံငွေဖျော်ဖြေပွဲ ထိုင်းအနုပညာရှင် ၅၀ ကျော်ပါဝင်

လတ်တလောကြုံတွေ့ခဲ့ရတဲ့ ဂျပန်နိုင်ငံနဲ့ အီကွေဒေါနိုင်ငံတွေက ငလျင်ဒဏ်ခံ ဒုက္ခသည်တွေကို ထောက်ပံ့ကူညီရေး ရန်ပုံငွေရှာဖွေရေးဆိုင်ရာ ဖျော်ဖြေပွဲကို ဧပြီလ ၂၃ ရက်နေ့ ညပိုင်းမှာ ဘန်ကောက်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။ ဒီရန်ပုံငွေမြှင့်တင်ရေးဆိုင်ရာ ဖျော်ဖြေပွဲကို ထိုင်းသရုပ်ဆောင်မင်းသား ချာနွန်ရီ ကားလ်ဆာရာခန်က ဦးဆောင်ပြီး “မိတ်ဆွေများအတွက် သီချင်းဆိုခြင်း”အမည်ရနဲ့ ကျင်းပခဲ့ကာ အနုပညာရှင် ၅၀ ကျော်ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါမင်းသားဟာ အစောပိုင်းကာလတုန်းက ငလျင်ဒဏ်အဓိကခံခဲ့ရတဲ့ ဂျပန်နိုင်ငံ၊ ကျူရှုးကျွန်းပေါ်က ကူမာမိုတိုမြို့မှာ ရုပ်ရှင်ရိုက်ကူးဖို့ ရောက်ရှိခဲ့သေးတယ်လို့ ပြောပါတယ်။ “ခုလိုဖြစ်တယ်ဆိုတာ ကြားရင်ကြားချင်း ကျနော် ရန်ပုံငွေဖျော်ဖြေပွဲတခုစီစဉ်ပြီး ကူမာမိုတိုမှာရှိတဲ့ ပြည်သူတွေကို ကူညီဖို့ ဆုံးဖြတ်ခဲ့တာပါ။” သူဟာ ကူမာမိုတိုယဉ်ကျေးမှုဆိုင်ရာ သံတမန်တဦးလည်းဖြစ်ပြီး “ကျနော့်ဘ၀မှာ ကူမာမိုတိုဟာ အမှတ်ရစရာတွေ အများကြီးရှိခဲ့တာပါ။ ပြည်သူတွေအားလုံးကိုလည်း အားမလျော့ပဲ ဆက်လက်နေထိုင်နိုင်ဖို့ ကျနော်တွန်းအားပေးချင်ပါတယ်။ ထိုင်းနိုင်ငံ သားတွေအနေနဲ့ ထောက်ပံ့ကူညီမှုတွေလုပ်ဆောင်သွားမှာပါ”လို့ ပြောလိုက်ပါတယ်။ ဒီဖျော်ဖြေပွဲကရတဲ့ အကျိုးအမြတ်တွေကို ကူမာမိုတိုမြို့အစိုးရနဲ့ အီကွေဒေါနိုင်ငံ ငလျင်ဒဏ်ခံဒေသဆီ ထောက်ပံ့ကူညီမှုတွေလုပ်ဆောင်နေတဲ့ ကုလသမဂ္ဂအေဂျင်စီတို့ကို လှူဒါန်းသွားမယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။ ချန်နွန်ဟာ ထိုင်း-ဂျပန် ၂ နိုင်ငံပူးပေါင်းရိုက်ကူးတဲ့ “Hand in the Glove”အချစ် ဇာတ်မြူး။ကားမှာ ခေါင်းဆောင်မင်းသားနေရာက ပါဝင်ခဲ့တာဖြစ်ပြီး မနှစ်က နိုဝင်ဘာ လ ၁ ရက်နေ့မှာ ရုံတင်ပြသခဲ့တာပါ။
5 years Ago
Up