ဂျပန်ဝန်ကြီးချုပ် ပြော

September 7, 2017

မြောက်ကိုရီးယား၏ မူဝါဒ မပြောင်းလျှင် အနာဂတ်မကောင်းနိုင်ကြောင်း ဂျပန်ဝန်ကြီးချုပ် ပြော

မြောက်ကိုရီးယားက သူ့ရဲ့မူဝါဒတွေကို အပြောင်းအလဲမလုပ်ရင် အနာဂတ်မှာ ဘယ်လိုမှ မကောင်းနိုင်ဘူးလို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ပြောခဲ့ပါတယ်။ စက်တင်ဘာလ ၆ ရက်နေ့မှာ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက မြောက်ကိုရီးယားအရေးနဲ့ ပတ်သက်ပြီး အခုလို ပြောခဲ့ပါတယ်။ “မြောက်ကိုရီးယားက ဒီအတိုင်းပဲ ဆက်သွားနေမယ်ဆိုရင် သူ့ရဲ့အနာဂတ်က လုံးဝမကောင်းနိုင်ပါဘူး။ ဒါကိုမြောက်ကိုရီးယားက သိပြီးနားလည်ပြီး သူ့ရဲ့လက်ရှိမူဝါဒတွေကို ပြောင်းဖို့လိုပါတယ်။ မြောက်ကိုရီးယားရဲ့ မူဝါဒပြောင်းလဲရေးအတွက် ဂျပန်အနေနဲ့ ရုရှားအပြင် နိုင်ငံတကာ အသိုင်းအဝိုင်းတွေနဲ့ ပူးပေါင်းပြီး ဆောင်ရွက်သွားမှာပါ။ ဒီအရေးနဲ့ ပါတ်သက်ပြီး သမ္မတ ပူတင်၊ သမ္မတ မွန်းဂျေးအင်းတို့နဲ့ ဆွေးနွေးချင်ပါတယ်။” လို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက သတင်းထောက်တွေကို ပြောခဲ့တာပါ။
4 years Ago

March 23, 2017

လန်ဒန်မြို့တွင် တိုက်ခိုက်ခံရသူများအတွက် ၀မ်းနည်းကြောင်း ဂျပန်ဝန်ကြီးချုပ် ပြော

လန်ဒန်မှာ တိုက်ခိုက်ခံခဲ့ရသူတွေအတွက် ၀မ်းနည်းကြောင်း ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက မတ်လ ၂၃ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။ ဗြိတိန်ဝန်ကြီးချုပ် ထရေဆာမေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ လက်တွဲပြီး အကြမ်းဖက်မှုတွေကို တိုက်ဖျက်သွားမယ်လို့ ဂျပန်ဝန်ကြီးချုပ်က ပြောကြားခဲ့တာ ဖြစ်ပါတယ်။ မတ်လ ၂၂ ရက်နေ့ညနေက အကြမ်းဖက်သမားမောင်းနှင်လာတဲ့ ကားတစီးက လမ်းပေါ်ကလူတွေကို လိုက်တိုက်ပြီး ကားမောင်းလာသူ အကြမ်းဖက်သမားက ဗြိတိန်ပါလီမန်အနီး ရဲ တဦးကို ဓားနဲ့ထိုးခဲ့ပါတယ်။ အဲဒီဖြစ်ရပ်ကြောင့် စုစုပေါင်း ၅ ဦး သေဆုံးခဲ့ပြီး အယောက် ၄၀ ဒဏ်ရာရရှိခဲ့ပါတယ်။ ဒီအကြမ်းဖက်မှုဟာ ၂၀၀၅ ခုနှစ် ဇူလိုင်လမှာ ဗြိတိန်နိုင်ငံသား အစ္စလာမ္မစ် ၄ ယောက်ရဲ့ အသေခံဗုံးဖောက်ခွဲမှုကြောင့် ၅၂ ဦးသေဆုံးခဲ့ရတဲ့ ဖြစ်ရပ်နောက်ပိုင်း အပြင်းထန်ဆုံးအကြမ်းဖက်မှုလို့ သိရပါတယ်။ ဒီအကြမ်းဖက်မှုဟာ ပြီးခဲ့တဲ့နှစ်က ဂျာမဏီနိုင်ငံ ဘရပ်ဆဲလ်မှာ အစ္စလာမ္မစ် စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုကြောင့် ၃၂ ဦးသေဆုံးခဲ့တဲ့ ဖြစ်ရပ် တနှစ်ပြည့်တဲ့နေ့မှာ ဖြစ်ပွားခဲ့တာပါ။
5 years Ago
Up