ဂျပန်မြောက်ပိုင်းတွင် အင်အား ၇ ဒသမ ၄ ရှိ ငလျင်လှုပ်၊ ဆူနာမီရေလှိုင်း ရိုက်ခတ်

November 22, 2016

ဂျပန်မြောက်ပိုင်းတွင် အင်အား ၇ ဒသမ ၄ ရှိ ငလျင်လှုပ်၊ ဆူနာမီရေလှိုင်း ရိုက်ခတ် (ရုပ်သံ)

ဂျပန်နိုင်ငံမြောက်ပိုင်း ဖုခုရှီးမား ကမ်းရိုးတန်းမှာ အင်အား ရစ်ခ်ျတာစကေး ၇ ဒသမ ၄ ရှိတဲ့ ငလျင် ဒီနေ့မနက်က လှုပ်ခဲ့ပါတယ်။ ငလျင်ကြောင့် အမြင့် ၃ ပေရှိတဲ့ ဆူနာမီရေလှိုင်း အသေးစားတရပ် ကမ်းရိုးတန်းကို ရိုက်ခတ်ခဲ့ပါတယ်။ ဂျပန်မိုးလေဝသအေဂျင်စီက ဆူနာမီ သတိပေးချက် ထုတ်ပြန်အပြီးမှာ ရေလှိုင်း ရိုက်ခတ်ခဲ့တာပါ။ ၂၀၁၁ က ပြင်းအား ရစ်ခ်ျတာစကေး ၉ ရှိတဲ့ငလျင် ရိုက်ခတ်ခံရတဲ့ စိုမာမြို့က လူနေရပ်ကွက်တွေကို ဖြတ်ဖောက်ထားတဲ့ ဆူနာမီ ပြင်းအားလျှော့ တူးမြောင်းတွေထဲကို အားကောင်းတဲ့ ရေလှိုင်းတွေ ဝင်လာတဲ့ ရုပ်သံကိုလည်း လူမှုကွန်ရက် မီဒီယာတွေပေါ်မှာ တင်ခဲ့ကြပါတယ်။ ငလျင်အပြီး မြေပြင်တုန်ခါမှုတွေကိုတော့ မြို့တော် တိုကျိုထိ ခံစားခဲ့ရတာပါ။ ငလျင်ကြောင့် လူ ၂ ဦး ဒဏ်ရာရတယ်လို့ အစိုးရက ပြောပါတယ်။
6 years Ago
Up