ဂျပန်ရောက်ရှိ

A d v e r t i s e m e n t With Us

May 25, 2019

သမ္မတထရမ့်နှင့်ဇနီး ၄ ရက်ကြာ အလည်အပတ်ခရီးစဉ်အဖြစ် ဂျပန်ရောက်ရှိ

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်နဲ့ သမ္မတကတော် မယ်လင်နီယာတို့ ၄ ရက်ကြာ အလည်အပတ် ခရီးစဉ်အဖြစ် မေလ ၂၅ ရက်နေ့က ဂျပန်နိုင်ငံ မြို့တော်တိုကျိုကို ရောက်လာခဲ့ပါတယ်။ တိုကျိုမြို့ ဟာနဲဒါ နိုင်ငံတကာလေဆိပ်ကို ရောက်လာကြတဲ့ သမ္မတ ထရမ့်နဲ့ မယ်လင်နီယာတို့ကို တာဝန်ရှိသူတွေက ကြိုဆိုခဲ့ပါတယ်။ သမ္မတ ထရမ့်ဟာ မေ ၂၅ ရက်နှောင်းပိုင်းမှာ ဂျပန် စီးပွားရေး ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ရှိပြီး မေ ၂၆ ရက်နေ့မှာ ဂျပန်ဝန်ကြိးချုပ် ရှင်ဇိုအာဘေးနဲ့အတူ  ဂေါက်သီးရိုက်တာ၊ ဆူမိုနပန်းပွဲ ကြည့်တာနဲ့ ဒေသစားသောက်ဆိုင်တခုမှာ ညစာသုံးဆောင်မယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ ခရီးစဉ်အတွင်း  သမ္မတ ထရမ့်ဟာ ကုန်သွယ်ရေးမှသည် မြောက်ကိုရီးယားအရေးအထိ အကြောင်းအရာများစွာကို ဂျပန်ဝန်ကြီးချုပ် အာဘေးနဲ့ ဆွေးနွေးသွားဖို့ရှိပါတယ်။ သမ္မတ ထရမ့် မရောက်ရှိခင် တိုကျိုမြို့မှာ ရုတ်တရက် အားပြင်း ငလျင်တခု လှုပ်ခဲ့ပါတယ်။ အဲဒီငလျင်ဟာ တိုကျိုမြို့အရှေ့ဘက် ချီဘာစီရင်စုကို ဗဟိုပြုလှုပ်ခဲ့ပြီး ပြင်းအား ၅ ဒသမ ၁ မဂ္ဂနီကျု့ရှိတယ်လို့ တိုကျို မိုးလေ၀သဌာနက ဆိုပါတယ်။
2 years Ago
Up