ဂျပန်တောင်ပိုင်း ပင်လယ်ပြင်တွင် တရုတ်တိုက်လေယာဉ် အစီး ၄၀ ကျော် အင်အားပြ ပျံသန်း

A d v e r t i s e m e n t With Us

September 27, 2016

ဂျပန်တောင်ပိုင်း ပင်လယ်ပြင်တွင် တရုတ်တိုက်လေယာဉ် အစီး ၄၀ ကျော် အင်အားပြ ပျံသန်း

တရုတ်လေတပ်က တိုက်လေယာဉ်အစီး ၄၀ ကျော်နဲ့ တခြားစစ်လေယာဉ်တွေကို ဂျပန်နိုင်ငံတောင်ပိုင်း ပင်လယ်ပြင်မှာ စက်တင်ဘာ ၂၅ ရက်နေ့က ပျံသန်းခဲ့ပြီး တရုတ်လေတပ်အင်အားကို ပြသခဲ့ပါတယ်။ ဆူကိုတိုက်လေယာဉ် အစီး ၃၀၊ H6K ဗုံးကြဲလေယာဉ်တွေ၊ ဆီဖြည့်လေယာဉ်တွေနဲ့ တခြားစစ်ဘက်လေယာဉ်တွေ ပါဝင်ခဲ့ပြီး တာဝေးစစ်ရေးလေ့ကျင့်မှုလို့ တရုတ်လေတပ် ပြောခွင့်ရက ဆိုပါတယ်။ ပစိဖိတ်သမုဒ္ဒရာအနောက်ပိုင်း ဂျပန်နိုင်ငံပိုင် အိုကီနာဝါကျွန်းနဲ့ မီရာကိုကျွန်းတို့အကြား ဖြတ်ပျံသန်းခဲ့တယ်လို့လည်း ပြောပါတယ်။ ရေပိုင်နက်စောင့်ကြည့်မှု၊ ကင်းလှည့်မှုနဲ့ ပျံသန်းမှုအတွင်း လေယာဉ်ဆီဖြည့်မှု စတဲ့ လေ့ကျင့်မှုတွေကို လုပ်ဆောင်ခဲ့ကြပါတယ်။ တရုတ်လေတပ်က အရှေ့တရုတ်ပင်လယ်၊ တရုတ်လေပိုင်နက်အတွင်း ပြီးခဲ့တဲ့ စက်တင်ဘာ ၂၅ ရက်နေ့က ပုံမှန်ကင်းလှည့်ပျံသန်းခဲ့တယ်လို့လည်း တရုတ်လေတပ်က ပြောပါတယ်။ တရုတ်နိုင်ငံက အဲဒီလေပိုင်နက်ကို ၂၀၁၃ ခုနှစ် နိုဝင်ဘာလက သူ့သဘောနဲ့သူ သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံ ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ အချုပ်အခြာ ကာကွယ်ရေးအတွက် အခုလို လေတပ်ပျံသန်းမှုတွေကို ရှေ့လျှောက်လည်း လုပ်ဆောင်သွားမှာဖြစ်တယ်လို့ တရုတ်စစ်တပ်က ပြောဆိုပါတယ်။
4 years Ago
Up