ဂျပန်အဘွားအို

July 28, 2018

ကမ္ဘာ့အသက်အကြီးဆုံး ဂျပန်အဘွားအို အသက် ၁၁၇ နှစ်တွင် ကွယ်လွန်

ကမ္ဘာ့အသက်အကြီးဆုံး လူပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခံထားရတဲ့ အသက် ၁၁၇ နှစ်အရွယ် ဂျပန်အဘွားအို ကွယ်လွန်သွားခဲ့ပြီလို့ Times သတင်းမှာဖော်ပြပါတယ်။ ချီယိုမီယာကိုလို့ခေါ်တဲ့ ဒီအဘွားအိုဟာ ပြီးခဲ့တဲ့သီ တင်းပတ်နှောင်းပိုင်းမှာ ကွယ်လွန်ခဲ့တာပါ။ သူမရဲ့သေဆုံးမှုကို သူမနေထိုင်ရာ တိုကျိုမြို့တောင်ပိုင်း ကာနာဂါဝါ စီရင်စုကနေ ဇူလိုင် ၂၇ ရက်နေ့မှာ အတည်ပြုကြေညာခဲ့တာပဲဖြစ်ပါတယ်။ မီယာကို ကို ၁၉ဝ၁ ခုနှစ် မေလ ၂ ရက်နေ့မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ သူမဟာ ဂျပန်နိုင်ငံတောင်ပိုင်း ကီကိုင်ကျွန်းမှာနေထိုင်တဲ့ နာဘီတာဂျီမာဆိုသူ သေဆုံးသွားပြီးတဲ့နောက် ပြီးခဲ့တဲ့ ဧပြီလမှာ ကမ္ဘာ့အသက်ကြီးဆုံးလူပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခံခဲ့ရသူလည်း ဖြစ်ပါတယ်။ မီယာကိုရဲ့ မိသားစုဝင်တွေကတော့ သူမကို နတ်ဘုရားတပါးလို့ တင်စားခေါ်ဝေါ်ခဲ့ကြပါတယ်။ သူတပါးအပေါ်စိတ်ရှည်ပြီး ကြင်နာတတ်တဲ့ သဘော ထားနူးညံ့သူတဦးအဖြစ် သတိရနေမယ်လို့ ကမ္ဘာ့ဂင်းနစ်စံချိန်များအဖွဲ့က ပြောပါတယ်။ ဒီအဖွဲ့ဟာ သူမကို ကမ္ဘာ့အသက်အကြီးဆုံး လူပုဂ္ဂိုလ်အဖြစ် အသိအမှတ်ပြုခဲ့တဲ့ အဖွဲ့လည်း ဖြစ်ပါတယ်။ အဘွားအို မီယာကိုဟာ လက်ရေးအလှရေးတာကို စိတ်ဝင်စားသူဖြစ်ပြီး သူမ မသေဆုံးခင်အခြေအနေအထိ လက်ရေးအလှရေးတာကို ပြုလုပ်ခဲ့ကာ ဆူရှီနဲ့ ငါးရှဥ့်ကို နှစ်ခြိုက်သူလို့လည်း ဂင်းနစ်အဖွဲ့က ပြောပါတယ်။ မီယာကို သေဆုံးသွားပြီးနောက် သူ့နေရာကိုဆက်ခံမယ့် ကမ္ဘာ့အသက်ကြီးဆုံး လူပုဂ္ဂိုလ်ကို မဆုံးဖြတ်ရသေးဘူးလို့ ဂင်းနစ်အဖွဲ့ကပြောပါတယ်။ ကမ္ဘာ့အသက်အကြီးဆုံး လူပုဂ္ဂိုလ်သစ်ဖြစ်လာနိုင်သူကလည်း ဂျပန်အမျိုးသမီးတဦးပင်ဖြစ် ကာ သူမဟာ ကျူရှုကျွန်းတောင်ပိုင်း ဖူကိုကာမှာနေထိုင်တဲ့ အသက် ၁၁၅ နှစ်အရွယ် ကာနီတာနာကာဆိုသူ ဖြစ်တယ်လို့ ဂျပန်နိုင်ငံရဲ့ ကျန်းမာရေး၊ အလုပ်သမားနဲ့ ဖူလုံရေးဝန်ကြီးဌာနက ပြောပါတယ်။ ကမ္ဘာ့အသက်ကြီးဆုံး အမျိုးသားအဖြစ် မှတ်တမ်းတင်ခံထားရသူကလည်း ဂျပန်နိုင်ငံပင်ဖြစ်ပြီး သူဟာ အသက် ၁၁၃ နှစ်ရှိပြီလို့ သိရပါတယ်။
3 years Ago
Up