ဂျပန်ဝန်ကြီးချုပ်

June 27, 2019

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး အီးယူ ကိုယ်စားလှယ်များကို တွေ့ဆုံ

နှစ်ရက်ကြာကျင်းပမယ့် G-20 ထိပ်သီးအစည်းအဝေးအကြို ဇွန်လ ၂၇ ရက်နေ့က ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးဟာ ဥရောပသမဂ္ဂ (EU) ကိုယ်စားလှယ်တွေကို တွေ့ဆုံခဲ့ပါတယ်။ ဂျပန်ဝန်ကြီးချုပ် အာဘေးဟာ ဥရောပကောင်စီဥက္ကဋ္ဌ ဒေါ်နယ်တက်စ်နဲ့ ဥရောပကော်မရှင် ဥက္ကဋ္ဌ ယန်ကလော့ဂျန်ကာတို့ကို လက်ဆွဲနှုတ်ဆက်ပြီး မီဒီယာတွေရှေ့မှာ ဓာတ်ပုံအရိုက်ခံခဲ့ပါတယ်။ ဒီနှစ်ရဲ့ G-20 ထိပ်သီးအစည်းအဝေးကို ဂျပန်နိုင်ငံက လက်ခံကျင်းပမှာဖြစ်ပြီး ကုန်သွယ်ရေး၊ ပဋိပက္ခနဲ့ ရေနံအကြောင်းအရာတွေကို ဒီအစည်းအဝေးမှာ အဓိကဆွေးနွေးဖွယ် ရှိပါတယ်။ တရုတ်၊ အိန္ဒိယ၊ ပြင်သစ်၊ အမေရိကန် အပါအဝင် နိုင်ငံ့ခေါင်းဆောင် အတော်များများ ထိပ်သီးအစည်းအဝေး တက်ရောက်ဖို့ ဂျပန်နိုင်ငံကို ရောက်နေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
2 years Ago

February 7, 2019

ဆိုဗီယက်သိမ်းပိုက်ခဲ့သည့် အငြင်းပွားကျွန်းစုအရေး ဆက်လက်ဆွေးနွေးမည်ဟု ဂျပန်ဝန်ကြီးချုပ် ကတိပြု

ဒုတိယကမ္ဘာစစ်ပြီးခါနီးမှာ ဆိုဗီယက်တပ်ဖွဲ့တွေ သိမ်းပိုက်ခဲ့တဲ့ အငြင်းပွားကျွန်းစုတွေနဲ့ ပတ်သက်လို့ ငြိမ်းချမ်းရေးစာချုပ် ဆွေးနွေးပွဲတွေကို ဆက်လက်ပြုလုပ်သွားမယ်လို့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ဖေဖော်ဝါရီ ၇ ရက်နေ့မှာ ကတိပြု ပြောကြားလိုက်ပါတယ်။ ရုရှားလို ကူရာရက်စ်လို့ အမည်ရပြီး ဂျပန်လို မြောက်ပိုင်းပိုင်နက်နယ်မြေများလို့ ဆိုတဲ့  ကျွန်းအငြင်းပွားမှုနဲ့ ပတ်သက်ပြီး ခါးသီးနာကျည်းဖွယ်သမိုင်း ရှိခဲ့တာမို့ ရုရှားနဲ့ ဂျပန်အစိုးရတို့အကြား စစ်ပွဲပြီးဆုံးတဲ့ အထိမ်းအမှတ် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုခြင်း မရှိသေးပါဘူး။ လာမယ့်ဇွန်လ G-20 ထိပ်သီးဆွေးနွေးပွဲမှာ ရုရှားသမ္မတ ပူတင်နဲ့ ဆွေးနွေးဖို့ရှိတဲ့ ဝန်ကြီးချုပ် အာဘေးက ပိုင်နက်အငြင်းပွားမှု ပြဿနာ ဖြေရှင်းပြီးတာနဲ့ ငြိမ်းချမ်းရေးစာချုပ် ရေးထိုးဖို့ ဆက်လက်ကြိုးပမ်းမယ်ဆိုပြီး ပြောခဲ့ပါတယ်။ ဆိုဗီယက်တပ်ဖွဲ့ဝင်တွေ ကျူးကျော်စဉ် ၁၉၄၅ ခုနှစ်က အဲဒီကျွန်းတွေမှာ ဂျပန်နိုင်ငံသား ၁၇,၀၀၀ ခန့် နေထိုင်ခဲ့ပါတယ်။ အခုအခါမှာတော့ အဲဒီကျွန်းတွေမှာ ရုရှားနိုင်ငံသား ၁၄,၀၀၀ ဝန်းကျင် နေထိုင်နေပြီး အများစုဟာ တံငါလုပ်ငန်းနဲ့ အသက်မွေးကြပါတယ်။
2 years Ago
More News
Up