ဂျပန်ယူ၁၈

A d v e r t i s e m e n t With Us

June 10, 2019

ဂျပန်ယူ ၁၈ အသင်းနှင့် ခြေစမ်းမည့် အာဆီယံ ယူ ၁၈ အသင်းတွင် မြန်မာကစားသမား ၂ ဦးပါဝင်

ဂျပန်ဖောင်ဒေးရှင်းနဲ့ ဂျပန်ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းစီစဉ်တဲ့ Japa Fun Cup နိုင်ငံတကာ ခြေစမ်းပွဲအဖြစ် အာဆီယံလက်ရွေးစင် ယူ ၁၈ အသင်းနဲ့ ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းဒေသ ယူ ၁၈ လက်ရွေးစင်အသင်းတို့ ယှဉ်ပြိုင်ကစားကြဖို့ ရှိပါတယ်။ အဲဒီခြေစမ်းပွဲအတွက် အာဆီယံ ယူ ၁၈ လက်ရွေးစင်အသင်းကို အရှေ့တောင်အာရှ ၁၁ နိုင်ငံက ကစားသမား ၂ ဦးစီနဲ့ ရွေးချယ်ဖွဲ့စည်းထားရာမှာ မြန်မာကစားသမား ၂ ဦးဖြစ်တဲ့ ဂိုးသမား နေလင်းထက်နဲ့ တိုက်စစ်မှူး ပြည့်ဖြိုးအောင်တို့ ပါဝင်ကစားခွင့်ရမှာဖြစ်ပြီး ဗီယက်နမ်ကတော့ ကစားသမား ၁ ဦးပဲ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ကစားသမား ၂၁ ဦး ပါဝင်တဲ့ အာဆီယံလက်ရွေးစင် ယူ ၁၈ အသင်းကို နည်းပြချုပ်အဖြစ် မြန်မာယူ ၁၆ လက်ရွေးစင်နည်းပြ ဂျပန်နိုင်ငံသား တာကူမာက တာဝန်ယူ ကိုင်တွယ်သွားမှာ ဖြစ်ပါတယ်။ အာဆီယံ ယူ ၁၈ နဲ့ ဂျပန်ယူ ၁၈ အသင်းတို့ရဲ့ ခြေစမ်းပွဲကို လာမယ့် ဇွန်လ ၂၂ ရက် ဂျပန်နိုင်ငံမှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ အခုခြေစမ်းပွဲဟာ ဂျပန်နိုင်ငံနဲ့ အရှေ့တောင်အာရှ နိုင်ငံတွေအကြား ချစ်ခင်ရင်းနှီးမှုနဲ့ ယဉ်ကျေးမှုဖလှယ်ရေး လုပ်ငန်းစဉ်အနေနဲ့ ဂျပန်ဖောင်ဒေးရှင်း အာရှစင်တာက စီစဉ်တာ ဖြစ်ပါတယ်။
2 years Ago
Up