ဂျပန်ဘဏ္ဍာရေး ဒုဝန်ကြီး

April 19, 2018

ဂျပန်ဘဏ္ဍာရေး ဒုဝန်ကြီး လိင်ပိုင်းစော်ကားမှု စွဲချက်ကြောင့် ရာထူးမှနုတ်ထွက်

ဂျပန်နိုင်ငံရဲ့ ထိပ်တန်း ဘဏ္ဍာရေး ဗျူရိုကရက်တဦးဟာ လိင်ပိုင်းဆိုင်ရာ စော်ကားမှု စွပ်စွဲချက်တွေကြောင့် ဧပြီလ ၁၈ ရက်က ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။ ဘဏ္ဍာရေး ဒုဝန်ကြီး ဂျူနီချိဖူကူဒါဟာ အမျိုးသမီးသတင်းထောက် အများအပြားကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ ပြုလုပ်ခဲ့တယ်ဆိုပြီး မဂ္ဂဇင်း တခုမှာ ဖော်ပြခဲ့ပြီးနောက် အခုလို ရာထူးကနေ နုတ်ထွက်သွားခဲ့တာပါ။ ဂျူနီချိဖူကူဒါက “မဂ္ဂဇင်းဖော်ပြချက်နဲ့ ပတ်သက်လို့ ကျနော်တို့ဟာ အပြစ်တင်ထိုက်ပါတယ်။ ဒီလိုအခြေအနေမှာ ကျနော်အနေနဲ့ ဒုဝန်ကြီးတာဝန် ထမ်းဆောင်ဖို့ မဖြစ်နိုင်တဲ့အတွက် အခုပဲ ဘဏ္ဍာရေး ၀န်ကြီးဆီမှာ နုတ်ထွက်စာ တင်ပြီးပါပြီ” လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ ဂျူနီချိဖူကူဒါရဲ့ အခုလို နုတ်ထွက်မှုဟာ အရှုပ်တော်ပုံတွေကြောင့် လူကြိုက်များမှု ကျဆင်းနေတဲ့ ၀န်ကြီးချုပ် ရှင်ဇိုအာဘေးအတွက် ထိုးနှက်ချက်တရပ်ဖြစ်ကြောင်း ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။
3 years Ago
Up