ဂျပန်ဘုရင်က ထိုင်းဘုရင်အတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် ၃ ရက် ကျင်းပ

A d v e r t i s e m e n t With Us

October 15, 2016

ဂျပန်ဘုရင်က ထိုင်းဘုရင်အတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် ၃ ရက် ကျင်းပ

ဂျပန်ဘုရင်အကီဟီတိုနဲ့ မိဖုရားမီချီကိုတို့ဟာ ထိုင်းဘုရင်ဘူမိဘောသေဆုံးခြင်း ဝမ်းနည်းကြောင်း အထိမ်းအမှတ်ပွဲအခမ်းအနားကို အောက်တိုဘာ ၁၄ ရက်က စတင်ပြီး ၃ ရက်ကြာကျင်းပမယ်လို့ ဘုရင်အိမ်တော်ဌာနက ကြေညာလိုက်ပါတယ်။ ဂျပန်ဘုရင်ဟာ ဂျပန်နိုင်ငံ တိုကျိုမြို့မှာရှိတဲ့ ထိုင်းနိုင်ငံသံရုံးကို ဝမ်းနည်းကြောင်းအထိမ်းအမှတ် သဝဏ်လွှာ ပို့ခဲ့တယ်လို့လည်း ဘုရင်အိမ်တော်ဌာနက ပြောလိုက်တာပါ။ ဂျပန်ဘုရင်နဲ့မိဖုရားဟာ ဘယ်လ်ဂျီယမ်ဘုရင်ဖိလစ်ပ်နဲ့ မိဖုရားတို့နဲ့အတူ ပွဲတစ်ခုတက်ရောက်ပြီးအပြန် အောက်တိုဘာ ၁၃ ရက်နေ့မှာ ထိုင်းဘုရင်သေဆုံးကြောင်း ကြားခဲ့တာလို့လည်း သိရပါတယ်။ ဂျပန်ဘုရင်နဲ့ မိဖုရားတို့ဟာ ထိုင်းဘုရင် ဘူမိဘောလက်ထက်မှာ ထိုင်းတော်ဝင်မိသားစုနဲ့ အချိန်တော်တော်ကြာ မိတ်ဆွေတွေဖြစ်တယ်လို့ အိမ်တော်ဌာနက ပြောပါတယ်။ ထိုင်းဘုရင်ဟာ ဂျပန်နိုင်ငံကို ၁၉၆၃ ခုနှစ်မှာ အလည်အပတ်ရောက်ခဲ့ပြီး နတ်ရွာစံသွားပြီဖြစ်တဲ့ ဘုရင်ရှိုဝလို့လည်းခေါ်တဲ့ ဘုရင်ဟီရိုဟီတိုနဲ့ တွေ့ခဲ့တာပါ။ နောက်နှစ်မှာတော့ ဘုရင်ကြီးကိုယ်စား အိမ်ရှေ့မင်းသားနဲ့ ကြင်ယာတော်တို့ဟာ ထိုင်းကို အလည်အပတ်ရောက်ခဲ့တာပါ။ အိမ်ရှေ့မင်းသား အကီဟီတို ဘုရင်အဖြစ် နန်းတက်ပြီးတဲ့နောက်မှတော့ ဘုရင်နဲ့ မိဖုရားတို့ဟာ သူတို့ရဲ့ပထမဆုံး နိုင်ငံခြားခရီးစဉ်အနေနဲ့ ထိုင်းနိုင်ငံကို ၁၉၉၁ ခုနှစ်မှာ သွားရောက်လည်ပတ်ခဲ့တာလို့လည်း သိရပါတယ်။ ၂၀၁၆ ခုနှစ် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ ကျင်းပခဲ့တဲ့ ထိုင်းဘုရင် နန်းသက် ၇၀ ပြည့်နှစ်အခမ်းအနားအတွက်လည်း ဂျပန်ဘုရင်နဲ့မိဖုရားတို့ တက်ရောက်ခဲ့ပါသေးတယ်။
4 years Ago
Up