ဂျပန်ဘုရင်

July 2, 2018

ဂျပန်ဘုရင် ကျန်းမာရေးအခြေအနေကြောင့် တာဝန်မှ ဖျက်သိမ်း

ဂျပန်ဧကရာဇ် အခိဟိတိုဟာ ဦးနှောက်အတွင်း သွေးအရောက်နည်းတဲ့ ဝေဒနာကြောင့် မူးဝေအော့အန်မှုကို ခံစားရအပြီးမှာ သူ့ရဲ့ တာဝန်တွေကို ဖျက်သိမ်းလိုက်တယ်လို့ နန်းတွင်း အရာရှိတယောက်က ဇူလိုင် ၂ရက်နေ့မှာ ပြောပါတယ်။ အသက် ၈၄ နှစ်ရှိပြီဖြစ်တဲ့ အခိဟိတိုဟာ ထီးနန်းစိုးစံခဲ့တဲ့ နှစ် ၃ဝ နီးပါးမှာ စစ်ဒဏ်ရာတွေကို ကုသဖို့ကြိုးစားခဲ့သူပါ။ လာမယ့်နှစ် ဧပြီမှာ နန်းစွန့်ဖို့ စီစဉ်ထားပါတယ်။ ဒါဟာ ဂျပန်ပြည့်ရှင် ဘုရင်တပါးက အနှစ် ၂၀၀ အတွင်း ပထမဆုံး အနေနဲ့ သူ့သဘောနဲ့သူ နန်းစွန့်တဲ့ ဖြစ်ရပ်ပါ။ တိုကျိုမြို့ တော်ဝင်နန်းတော်မှာ ဘုရင် အနားယူနေချိန် စောင့်ကြည့်နေမယ်လို့ တော်ဝင် မိသားစုရေးရာဌာနက ပြောပါတယ်။ အခြေခံဥပဒေအရ ဂျပန်ဘုရင်ဟာ နိုင်ငံရေး အာဏာမရှိပေမယ့် ပြည်သူတွေရဲ့ သွေးစည်းမှုနဲ့ နိုင်ငံရဲ့ သင်္ကေတ အထိမ်းအမှတ်အဖြစ် အဓိပ္ပာယ် ဖွင့်ဆိုထားပါတယ်။ သူ့နေရာမှာ အသက် ၅၈ နှစ်အရွယ် အိမ်ရှေ့စံမင်းသား နရုဟိတိုက ဘုရင့် အရိုက်အရာကို ဆက်ခံမှာ ဖြစ်ပါတယ်။
3 years Ago
Up