ဂျပန်ဖက်ရှင် စီးပွားရေးလုပ်ငန်းငန်းရှင် ယုဆာ့ခုမာအိဇာဝါဟာ လကမ္ဘာကိုပတ်မယ့် သီးသန့်ခရီးစဉ်အတွက် ပထမဆုံးခရီးသည်လို့ အာကာသ ပို့ဆောင်ရေးကုမ္ပဏီ SapceX က စက်တင်ဘာလ ၁၈ ရက်မှာ ကြေညာပါတယ်။
သန်းကြွယ်သူဋ္ဌေး မာအိဇာဝါဟာ လကမ္ဘာကို Big Falcon Rocket အာကာသယာဉ်နဲ့ ၂ဝ၂၃ မှာ လည့်ပတ်မှာဖြစ်ပါတယ်။
ဒီပထမဆုံးခရီးစဉ်ဟာ စီးပွားဖြစ် အာကာသခရီးသွား လုပ်ငန်းယှဉ်ပြိုင်မှုအတွက် ရေချိန်မြင့်လာစေနိုင်တယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။
မာအိဇာဝါကတော့ လကမ္ဘာကို ခရီးသွားခြင်းဟာ သူ့ဘဝတလျှောက် မက်ခဲ့တဲ့ အိပ်မက်လို့ ပြောထားပါတယ်။
မာအိဇာဝါဟာ တေးဂီတဝိုင်းတခုမှာ ဒရမ်တီးခဲ့သူ တယောက်ဖြစ်ပြီး အဲဒီနောက် အွန်လိုင်း လက်လီ ဖက်ရှင်တံဆိပ် ဇိုဇိုနဲ့ သန်းကြွယ်သူဌေး ဖြစ်လာသူပါ။
4 years Ago