ဂျပန်ဒါရိုက်တာ

May 20, 2018

“အလစ်သုတ်သမား” `ရုပ်သံဖြင့် ဂျပန်ဒါရိုက်တာ ထိပ်တန်းဆု ရရှိ

ဂျပန်ရုပ်ရှင်ဒါရိုက်တာ ဟိရိုခဇုခိုရေးအဲဒါ့ဟာ ကိန်းရုပ်ရှင်ပွဲတော်အတွင်း  အလစ်သုတ်သမားတွေဆိုတဲ့ ရုပ်သံနဲ့ ထိပ်တန်းဆု Palme d'Or ကို မေ ၁၉ ရက်နေ့က ဆွတ်ခူးရယူခဲ့ပါတယ်။ ဒီရုပ်သံဟာ နူးညံ့လှတဲ့ မိသားစုဘဝကို ပုံဖော်ထားသလို အံ့သြစရာဇာတ်ကွက် အလှည့်အပြောင်းကိုလည်း ပရိသတ်ကို ပေးနိုင်ခဲ့ပါတယ်။ အရင်နှစ်တွေကလည်း ဒီပွဲတော်မှာ ဆုတွေရဖူးသူ ဒါရိုက်တာကတော့ သူရတဲ့ဆုကို အမျိုးသမီး ဒါရိုက်တာ တယောက် ရမယ်ထင်ခဲ့တာလို့ ပြောပါတယ်။ ဒီနှစ်အတွင်း ဟောလီးဝုဒ် ရုပ်ရှင်လောကမှာ လိင်ပိုင်းနှောင့်ယှက်မှုဆိုင်ရာ ကျော်မကောင်း ကြားမကြောင်းမှုတွေ သောသောညံခဲ့တာပါ။ လူမည်း ရဲတပ်ဖွဲ့အရာရှိက လူဖြူဂိုဏ်း ကေ ၃ လုံး ဂိုဏ်းကို ထိုးဖောက်ဝင်ရောက်ခဲ့တဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းကို အခြေခံထားတဲ့  စပိုက်လီရဲ့ နိုင်ငံရေး သရော်တဲ့ ဇာတ်ကားကတော့ ဂရင်းပရီဆုကို ရခဲ့ပါတယ်။ လက်ဘနွန်နိုင်ငံက အမျိုးသမီး ဒါရိုက်တာကတော့ ဂျူရီဆုကို ရခဲ့တာပါ။ သူကတော့ ဘေရွတ်မြို့ ဆင်းရဲသား ရပ်ကွက်တွေထဲမှာ လျစ်လျူရှုခံ ကလေးဘဝကို ကျင်လည်ခဲ့ရပုံကို ရိုက်ကူးထားပါတယ်။ "Cold War" ဇာတ်ကားနဲ့ အကောင်းဆုံး ဒါရိုက်တာဆုကို ရခဲ့သူကတော့ ပိုလန်နိုင်ငံသား ပိုဝဲလ်ပေါ်လစ်ကို့စကီပါ။ လိင်ခွဲစိတ်ပြုပြင်ထားတဲ့ မိန်းကလေး တယောက်က ဘဲလေးကခြေသည် ဖြစ်လာတဲ့ အကြောင်း ရိုက်ကူးထားတဲ့ ဘယ်လ်ဂျီယံ ရုပ်ရှင် Girl နဲ့ အကောင်းဆုံး ပွဲဦးထွက် ဒါရိုက်တာဆုကို ဒါရိုက်တာ လူးကတ်စ်ဒီဟွန့်က ရရှိခဲ့ပါတယ်။
4 years Ago
Up