ဂျပန်တွင် မြေကျွံပြီး ကြေက်မက်ဖွယ်ဂလိုင်ပေါက်ကြီးဖြစ်ပေါ်

A d v e r t i s e m e n t With Us

November 9, 2016

ဂျပန်တွင် မြေကျွံပြီး ကြောက်မက်ဖွယ်ဂလိုင်ပေါက်ကြီးဖြစ်ပေါ် (ရုပ်သံ)

ဂျပန်နိုင်ငံ တောင်ပိုင်းမြို့တမြို့ဖြစ်တဲ့ ဖူကူအိုကာမြို့က ဟကတဘူတာရုံနားမှာ နိုဝင်ဘာ ၈ ရက်နေ့က မြေကျွံပြီး ကြောက်မယ်ဖွယ် ဂလိုင်ပေါက်ကြီးတခုဖြစ်ကာ လျှပ်စစ်မီးတွေလည်း ပြတ်တောက်သွားခဲ့ပါတယ်။ ဂလိုင်ပေါက်ကြီးဟာ အရှည် ၃၀ မီတာ (၉၈ ပေ)၊ အကျယ် ၂၇ မီတာ (၈၈ ပေ) နဲ့ အနက် ၁၅ မီတာ (၄၉ ပေ) ရှိတယ်လို့ ဂျပန်သတင်းဌာနတွေမှာ ဖော်ပြပါတယ်။ စီးပွားရေးအဆောက်အဦတွေ၊ ဈေးဆိုင်တွေနဲ့နီးတဲ့ လမ်းလေးခွဆုံတခုလုံး မြေကြီးထဲကျွံဝင်သွားပုံကို ဂျပန်သတင်းမီဒီယာတွေက ဓာတ်ပုံတွေနဲ့ ဖော်ပြခဲ့သလို လမ်းပေါ်က ရပ်ကြည့်နေသူတဦးကလည်း မြေကျွံသွားတာကို အမိအရ ဓာတ်ပုံရိုက်ယူလိုက်တယ်လို့ ဆိုပါတယ်။ မြို့ထဲမှာ လက်ရှိ မြေအောက်ရထားလမ်းကို တိုးချဲ့ဆောက်လုပ်နေတာကြောင့် ဒီဂလိုင်ပေါက်ကြီးပေါ်လာပြီး မြေကျွံတာ ဖြစ်နိုင်ကြောင်း၊ အစိုးရက ဒီအဖြစ်အပျက်ကို စုံစမ်းနေကြောင်း ဒေသခံသတင်းဌာနတွေမှာ ဖော်ပြပါတယ်။ မြို့အာဏာပိုင်တွေကလည်း ဒီမြေကျွံမှု ပိုမိုမကြီးမားအောင် လတ်တလော ဆောင်ရွက်နေကြပြီး အနီးအနားက အဆောက်အဦတွေပါ လိုက်ပြီး မပြိုကျအောင် မြေကြီးတွေနဲ့ အမြန်ဆုံးဖို့ဖို့ ကြည့်ရှုစစ်ဆေးနေတယ်လို့ ဆိုပါတယ်။ အဲဒီ ကျွံဝင်သွားတဲ့ ဂလိုင်ပေါက်ကြီးနားမှာ ဓာတ်ငွေ့ယိုစိမ့်နိုင်လို့ စီးကရက် မီးမညှိကြဖို့လည်း အာဏာပိုင်တွေက ဒေသခံလူထုကို သတိပေး တားမြစ်ထားပါတယ်။ နိုဝင်ဘာ ၈ ရက် အစောပိုင်းကတည်းက မြေကျွံတဲ့ အနီးအနားဝန်းကျင်ကို ရှင်းလင်းထားဖို့ နယ်မြေခံအစိုးရက အမိန့်ထုတ်ပြန်ထားပြီး အဲ့ဒီအနီးအနားဝန်းကျင်ကို ရဲတွေကလည်း ပိတ်ဆို့တားမြစ်ထားတယ်လို့ ဒေသခံသတင်းဌာနက ပြောပါတယ်။
4 years Ago
Up