ဂျပန်တွင် ရေလွှမ်းမိုးမှုကြောင့်

July 8, 2017

ဂျပန်တွင် ရေလွှမ်းမိုးမှုကြောင့် သေဆုံးသူ ၁၀ ဦး ရှိပြီ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ မိုးကြီးပြီး ရေလွှမ်းမိုးခဲ့လို့ စနေမနက်အထိ သေဆုံးသူ ဆယ်ယောက်ရှိပြီဖြစ်ပြီး ရှင်းလင်းရေးနဲ့ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေ ဆက်လုပ်နေဆဲ ဖြစ်ပါတယ်။ အကြီးအကျယ် ပျက်စီးခဲ့တဲ့ ဒေသတွေမှာ ရှာဖွေရေး အဖွဲ့တွေက အနံ့ခံ ခွေးတွေကိုပါ သုံးပြီး ပျောက်ဆုံးသူတွေကို ရှာဖွေနေပါတယ်။ ဒေသခံတွေကတော့ ရွှံ့တွေ၊ အမှိုက်တွေကို ဖယ်ရှား ရှင်းလင်းနေပါတယ်။ ဖူကူအိုကာမြို့ရဲ့ ကျေးလက်ပိုင်း တောမြို့တွေမှာ မိုးကြီးခဲ့လို့ ဒေသခံ အယောက် ၁ သိန်း လေးသောင်းနီးပါး အိုးအိမ်စွန့်ခွာ ရွှေ့ပြောင်းခဲ့ရတယ်လို့ ဒေသခံ မီဒီယာက ကြေညာပါတယ်။
5 years Ago
Up